“ငဝန်တာတမံ Sheet Pile ရိုက်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ”
13 Aug
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာတမံနိမ့်ကျ၍ ရေကျော်စီးဝင်ခဲ့တဲ့ နေရာကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စီမံကြီးကြပ်၍ Sheet Pile ရိုက်၍ ကာရံခြင်းလုပ်ငန်းများကို အချိန်တိုအတွင်း ပြီးစီးနိုင်ရေးအတွက်အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ အခုလို Sheet Pile ရိုက်ရာမှာ ရိုက်ရမယ့် သံချောင်းအရေအတွက် ၂၈၆ ချောင်းအနက် သြဂုတ်လ ၁၂ ရက် အထိ သံချောင်း ၇၂ ချောင်းကို ရိုက်သွင်းပြီးဖြစ်ကာ Sheet Pile ဆက်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် လျက်ရှိပါတယ်။ အဆိုပါလုပ်ငန်းများကို လူအင်အား၊ စက်ယာဉ်/ယန္တရားများနဲ့ နေ့ညမပြတ်အရှိန်အဟုန်နဲ့ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS 008)
13 Aug