“အီရန်သည် စစ်ပွဲအတွက် တိုက်စစ်ပုံစံပြောင်းလဲမည်ဟုဆို”
13 Augအမေရိကန်နှင့်အစ္စရေးတို့ ပူးပေါင်းပြီးလုပ်ဆောင်နေသည့် စစ်ပွဲသည် ရေရှည်သွားနိုင်ခြေရှိတာကြောင့် အီရန်တပ်မတော်သည် ယခင်ကာကွယ်ရေးစနစ်မှ ယခုအခါ စစ်ပွဲနောက်တစ်ဆင့်အတွက် တိုက်စစ်ဆင်မည့်ပုံစံကို ပြောင်းလဲပြင်ဆင်နေပြီ ဖြစ်သည်။ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ထိပ်တန်းအရာရှိ မိုဟာမက်ရီဇာ နက်ဒီ က အခွင့်အခါသင့်သည်နှင့် ရန်သူ့နယ်မြေထဲအထိ ဝင်ရောက်တိုက်ခိုက်နိုင်အောင် စစ်ဗျူဟာပြောင်းလဲ ခဲ့ကြောင်း ဆိုသည်။ စစ်ဆင်ရေးများကို ပိုမိုမြန်ဆန်၍ အချိန်နှင့်တစ်ပြေးညီကွပ်ကဲနိုင်ရန်အတွက် စစ်ဌာန ချုပ်များကို ပေါင်းစည်းလိုက်သလို စစ်ပွဲမှာ သဘောထားတင်းမာသည့် အရာရှိများကိုလည်း ထိပ်ပိုင်းရာထူးများမှာ အစားထိုးခန့်အပ်ထားတယ်လို့ မိုဟာမက်ရီဇာနက်ဒီ က ပြောသည်။ ထို့အပြင် အီရန်နိုင်ငံသည် ဒုံးကျည်များကိုသုံးစွဲနေသည့်နှုန်းထက် ပိုမိုများပြားအောင်ဆက်တိုက်ထုတ်လုပ် နေပြီး စစ်ပွဲကြီးက ဘယ်လောက်ပဲကြာကြာ တိုက်ခိုက်သွားနိုင်စွမ်းရှိကြောင်း ဆက်ပြောသည်။ အမေရိကန်ဘက် မှ ရန်လိုခြင်းမရပ်သမျှ ဟော်မုရေလက်ကြားကို ပိတ်ထားမယ်လို့ တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ တပ်မှူးအသစ် ဖြစ်သူ မတ်ဗာဟီဒီက သတိပေးထားသည်ဟု ST သတင်းဌာနဖော်ပြချက်အရ သိရသည်။