“နောက်ဆုံးဆယ်စုနှစ်တစ်ခုအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရမှတ်အများဆုံးကလပ်အသင်းအဖြစ် မန်စီးတီး အသင်းရပ်တည်”
12 Aug
၂၀၁၆ ခုနှစ်နောက်ပိုင်း နောက်ဆုံးဆယ်စုနှစ်တစ်ခုအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရမှတ်အများဆုံး ရရှိသည့် ကလပ်အသင်းအဖြစ် မန်စီးတီးအသင်းက ထိပ်ဆုံး၌ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။ မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် နောက်ဆုံးဆယ်စုနှစ်တစ်ခုအတွင်း ပွဲပေါင်း ၃၈၀ ကစားခဲ့ရာ ရမှတ် ၈၆၅ မှတ်အထိ ရရှိပြီးနောက် ရမှတ်အများဆုံး ကလပ်အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်တွင် မန်စီးတီးအသင်းကို နည်းပြဟောင်း ဂွါဒီယိုလာ စတင်တာဝန်ယူကိုင်တွယ်ခဲ့ပြီးနောက် မန်စီးတီးအသင်းအနေဖြင့် ဥရောပ၌ ထိပ်တန်းအသင်းတစ်သင်းအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အောင်မြင်မှုများ ဆက်တိုက်ရယူနိုင်ခဲ့ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် နောက်ဆုံးဆယ်စုနှစ် တစ်ခုအတွင်း မန်စီးတီး အသင်းက ချန်ပီယံဆုဖလား ခြောက်ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ကာ မန်စီးတီးအသင်းနောက်တွင် လီဗာပူးအသင်းက နှစ်ကြိမ်နှင့် ချယ်လ်ဆီးအသင်း၊ အာဆင်နယ်အသင်းတို့က တစ်ကြိမ်စီ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် နောက်ဆုံးဆယ်စုနှစ်တစ်ခုအတွင်း ရမှတ်အများဆုံးကလပ်အသင်း ၁၀ သင်း စာရင်း၌ မန်စီးတီးအသင်းက ၈၆၅ မှတ်၊ လီဗာပူးအသင်းက ၈၀၁ မှတ်၊ အာဆင်နယ်အသင်းက ၇၂၆ မှတ်၊ ချယ်လ်ဆီးအသင်းက ရမှတ် ၆၇၀၊ မန်ယူအသင်းက ၆၆၂ မှတ်၊ စပါးအသင်းက ၆၃၁ မှတ်၊ အဲဗာတန်အသင်းက ၄၈၃ မှတ်၊ နယူးကာဆယ်အသင်းက ၄၇၃ မှတ်၊ ဝက်စ်ဟမ်းအသင်းက ၄၇၃ မှတ်နှင့် ခရစ္စတယ်ပဲလေ့စ်အသင်းက ၄၆၁ မှတ်ဖြင့် အသီးသီးရပ်တည်လျက်ရှိကြောင်း သိရပါတယ်။(NVS 008)