“ကွာရာဘောင်းဖလားပြိုင်ပွဲ ဒုတိယအဆင့်အတွက် မဲခွဲမှုအပြီးတွင် ပရီးမီးယားလိဂ်ကလပ်အသင်းများ နောက်တစ်ဆင့်အတွက် အခြေအနေကောင်းမွန်”
12 Aug
၂၀၂၆-၂၀၂၇ ဘောလုံးရာသီ ကွာရာဘောင်းဖလားပြိုင်ပွဲ ဒုတိယအဆင့်အတွက် မဲခွဲမှုအပြီးတွင် ပရီးမီးယားလိဂ် ကလပ်အသင်းများဖြစ်တဲ့ စပါးနှင့် ချဲလ်ဆီးအသင်းတို့က တတိယအဆင့်တက်ရောက်နိုင်ရန် အခြေအနေကောင်းမွန် နေကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ စပါးနှင့် ချဲလ်ဆီးအသင်းတို့က လာမည့်နှစ်ဘောလုံးရာသီတွင် ဥရောပအဆင့်ပြိုင်ပွဲများ ဝင်ခွင့်နှင့်လွဲချော် ခဲ့လို့ ကွာရာဘောင်းဖလားပြိုင်ပွဲကို ဒုတိယအဆင့်မှ စတင်ကစားခဲ့ရမှာဖြစ်ပြီး အသင်းအများစုက တတိယအဆင့် မှသာ စတင်ကစားရမှာြဖစ်ပါတယ်။ ကွာရာဘောင်းဖလားပြိုင်ပွဲ ဒုတိယအဆင့်တွင် စပါး၊ ချဲလ်ဆီးအသင်းတို့နှင့်အတူ ပရီးမီးယားလိဂ်မှ နယူးကာဆယ်၊ အဲဗာတန်၊ နော်တင်ဟမ်၊ လိဒ် နှင့် ဟူးလ်စီးတီးအသင်းတို့ ကစားရမှာဖြစ်ပါတယ်။ ကွာရာဘောင်းဖလားပြိုင်ပွဲ ဒုတိယအဆင့်အတွက် မဲခွဲမှုအပြီးတွင် ချဲလ်ဆီးအသင်းက လူတန် တောင်းအသင်းနှင့် တွေ့ဆုံနေပြီး စပါးအသင်းကလည်း ချာလ်တန်အသင်းနှင့်သာ တွေ့ဆုံနေခဲ့လို့ တတိယအဆင့် တက်ရောက်နိုင်ရန် အခြေအနေကောင်းမွန်နေပါတယ်။ ကွာရာဘောင်းဖလားပြိုင်ပွဲ ဒုတိယအဆင့်ပွဲစဉ်များကို ဩဂုတ်လ ၂၂ ရက်မှ ၂၆ ရက်ထိ ကစားရမှာဖြစ်ပါတယ်။(NVS 008)