“ဥရောပဘောလုံးသမိုင်းတစ်လျှောက် အဆိုးရွားဆုံးကစားသမားခေါ်ယူမှုအဖြစ် ဟာဇက်၊ နေမာ နဲ့ ဂရစ်ဇ်မန်း တို့ ထိပ်ဆုံး၌ရပ်တည်”
12 Aug
ဥရောပဘောလုံးသမိုင်းတစ်လျှောက် အပြောင်းအရွှေ့ကာလများအတွင်း အဆိုးရွားဆုံးကစားသမားခေါ်ယူမှု အဖြစ် ဟာဇက်၊ နေမာ နဲ့ ဂရစ်ဇ်မန်း တို့က ထိပ်ဆုံးမှ အစဉ်လိုက်ရပ်တည်နေကြောင်း Sports Illustrated သတင်း ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ဟာဇက် က ၂၀၁၉ ခုနှစ်မှာ ချဲလ်ဆီးအသင်းမှ ရီးရဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ ဖြင့် ပြောင်းရွှေ့ရောက်ရှိခဲ့ပြီး ပထမဆုံးပွဲထွက်ဘောလုံးရာသီ၌ သွင်းဂိုးတစ်ဂိုးသာရရှိခဲ့ကာ ၎င်းမထွက်ခွာမီ ကစားခဲ့ သည့် ဘောလုံးရာသီသုံးရာသီတွင်လည်း သွင်းဂိုးခြောက်ဂိုးသာ သွင်းယူနိုင်ခဲ့လို့ အဆိုးရွားဆုံး ကစားသမားခေါ်ယူမှု အဖြစ် ထိပ်ဆုံးတွင် ရပ်တည်ခဲ့ပါတယ်။ အလားတူ နေမာ က ၂၀၂၃ ခုနှစ်က ပီအက်စ်ဂျီအသင်းမှ ဆော်ဒီအာရေဗျကလပ် အယ်လ်ဟိုင်လယ် အသင်းသို့ ယူရိုသန်း ၉၀ ဖြင့် ပြောင်းရွှေ့ခဲ့ပြီး ဒဏ်ရာပြဿနာများဖြင့်သာ ရုန်းကန်နေရကာ အသင်းအတွက် ပြိုင်ပွဲစုံ ခုနစ်ပွဲတွင် သွင်းဂိုးတစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလတွင် အသင်းမှထွက်ခွာခဲ့ပြီး ဒုတိယမြောက် အဆိုးရွားဆုံး ကစားသမားခေါ်ယူမှုဖြစ်ခဲ့ပါတယ်။ ထို့အတူ ဂရစ်ဇ်မန်း ကလည်း ၂၀၂၁ ခုနှစ်က အေတီကိုအသင်းမှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၂၀ ဖြင့် ပြောင်းရွှေ့ခဲ့သော်လည်း ၎င်းအနေဖြင့် ဘာစီလိုနာအသင်းနှင့်အတူ ဘောလုံးရာသီနှစ်ရာသီ အတွင်း ကိုပါဒယ်ရေးဖလားတစ်လုံးသာ ဆွတ်ခူးနိုင်ခဲ့ပြီး တတိယမြောက် အဆိုးရွားဆုံး ကစားသမားခေါ်ယူမှုဖြစ် ခဲ့ပါတယ်။(NVS 008)