“ထရမ့်၏ ပြောဆိုမှုများတင်းမာနေသော်လည်း အီရန်နှင့်အမေရိကန်သဘောတူညီချက်ရရန်နီးစပ်”

12 Aug

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်အပေါ်ပြောဆိုမှုများက တင်းမာနေသော်လည်း ဟော်မု ရေလက်ကြားနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေမှာ အီရန်နှင့် အမေရိကန်တို့ကြား သဘောတူညီချက်တစ်ရပ် ရရှိရန် နီးစပ်နေပြီလို့ ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ခါဝါဂျာအာဆစ် က ပြောသည်။ ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းမွန်တဲ့ အခြေအနေတွေ ဖြစ်လာနေပြီဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးက သတင်းထောက်များကို ပြောထားခဲ့ပေမယ့်လည်း အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောထားခြင်း မရှိသေးပေ။ ပါကစ္စတန်နိုင်ငံက ကာတာနိုင်ငံနှင့်အတူ အီရန်ပဋိပက္ခမှာ ကြားဝင်စေ့စပ်ညှိနှိုင်းပေးနေသော နိုင်ငံဖြစ်သည်။ ထရမ့် က အီရန်အပေါ် တိုက်ခိုက်မှုများအတွက် အီရန်ဘက်မှ စစ်လျော်ကြေးပေးရမယ်လို့ တောင်းဆို ထားသည်။ အပြန်အလှန်အနေနဲ့ အီရန်နိုင်ငံကလည်း အမေရိကန်ရဲ့ ရေတပ်ပိတ်ဆို့ထားမှုကို ရုပ်သိမ်းပေးရန်၊ ထိန်းသိမ်းခံထားရတဲ့ပိုင်ဆိုင်မှုများကို ပြန်ထုတ်ပေးရန်နှင့် စစ်လျော်ကြေးများပေးအပ်ရန် တောင်းဆိုထားသည်။ လက်ရှိမှာတော့ ဟော်မှရေလက်ကြားကနေ သင်္ဘောများ ပြန်လည်ဖြတ်သန်းခွင့်ပြုရေးအတွက် အိုမန်နိုင်ငံနှင့် အီရန်နိုင်ငံတို့ကြား ဆွေးနွေးညှိနှိုင်းပေးမှုများမှာ နောက်ဆုံးအဆင့်သို့ရောက်ရှိနေပြီဖြစ်ကြောင်း သိရပါသည်။

12 Aug

ADVERTISE HERE .