ကုန်ဈေးနှုန်းသတင်း ၁၁.၈.၂၀၂၆
11 Aug
ဩဂုတ်လ ၁၁ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေကတော့ အနည်းငယ် ကျဆင်းလာပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အခြားပဲအများစုနဲ့ မန်ကျည်းသီး၊ အာလူးဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၀၈,၄၈၄ ကျပ်၊ မတ်ပဲ (SQ/RC) တစ်တင်းကို ၁၁၈,၇၅၁ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅,၆၂၅ ကျပ်ကနေ ၅,၆၆၀ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၅,၁၃၀ ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ) တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၆,၃၅၀ ကျပ်၊ ပဲလွန်းဖြူ(ပဲခူး/ မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၉၂၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၇၅၀ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၁၃,၂၁၅ ကျပ်ကနေ ၁၅,၅၈၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၁၇၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၃,၆၇၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၁,၆၆၅ ကျပ်ကနေ ၁၃,၈၃၅ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၇၄၀ ကျပ်ကနေ ၁,၇၆၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၄၀၀ ကျပ်ကနေ ၅,၇၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၇,၆၆၅ ကျပ်ကနေ ၈,၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၅,၄၀၀ ကျပ်ကနေ ၆,၂၀၀ ကျပ်၊ ကြက်သွန်ဖြူ(အောင်ပန်း) တစ်ပိဿာကို ၅,၃၀၀ ကျပ်ကနေ ၈,၇၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၆,၃၆၅ ကျပ်၊ မန်ကျည်းသီး(ပွင့်ကပ်/ အသား) တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၆၀၀ ကျပ်ကနေ ၃,၈၀၀ ကျပ်၊ အာလူး (အောင်ပန်း) တစ်ပိဿာကို ၁,၅၀၀ ကျပ်ကနေ ၃,၀၀၀ ကျပ်၊ ပုစွန်ခြောက်(ဖျာပုံရွှေပုစွန်) တစ်ပိဿာကို ၇၀,၀၀၀ ကျပ်ကနေ ၂၇၀,၀၀၀ ကျပ်၊ ငါးကျည်းကြပ်တိုက် တစ်ပိဿာကို ၇၅,၀၀၀ ကျပ်ကနေ ၉၅,၀၀၀ ကျပ်၊ ငါးမြွေထိုး တစ်ပိဿာကို ၅၅,၀၀၀ ကျပ်ကနေ ၆၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၂၆ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၃၉၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၄၃၅ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၈၄၀ ကျပ်၊ မန္တလေးမှာ ၃,၉၉၅ ကျပ်၊ နေပြည်တော်မှာ ၃,၉၄၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၉၅၀ ကျပ်၊ မန္တလေး မှာ ၄,၁၀၅ ကျပ်၊ နေပြည်တော်မှာ ၄,၀၅၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၄,၁၅၅ ကျပ်၊ မန္တလေးမှာ ၄,၃၀၀ ကျပ်၊ နေပြည်တော်မှာ ၄,၂၅၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၅,၀၅၀ ကျပ်၊ မန္တလေးမှာ ၅,၂၀၅ ကျပ်၊ နေပြည်တော်မှာ ၅,၁၅၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း ခုနစ်ဆယ် (၇,၀၀၀,၀၀၀ိ/-) ကျပ်ရှိပြီး ပြင်ပပေါက်ဈေးမှာ (၁၀,၀၄၀,၀၀၀ိ/-) ဆယ်သိန်း ငါသောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။