“ရတနာပုံအမျိုးသမီးအသင်းနဲ့ ထိုင်းအမျိုးသမီးကလပ်တို့ မိတ်ဖက်စာချုပ် ချုပ်ဆို”
11 Aug
ရတနာပုံအမျိုးသမီးအသင်းဟာ ထိုင်းအမျိုးသမီးကလပ်အသင်း တစ်သင်းဖြစ်တဲ့ ဖရာနာခွန်း အမျိုးသမီးအသင်းနဲ့ မိတ်ဖက်အသင်းအဖြစ် နားလည်မှုစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။ အခုလိုမိတ်ဖက်အသင်းများအဖြစ် စာချုပ်ချုပ်ဆိုလိုက်တာကြောင့် နှစ်ဖက်အသင်းကြား ဘောလုံးနည်းပညာ ပိုင်းဆိုင်ရာများ ဖလှယ်ခြင်း၊ နည်းပြပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ လူငယ်ကစားသမားများအတွက် အခွင့်အလမ်းများ၊ ကစားသမား အပြန်အလှန်ဖလှယ်ရေး အခွင့်အလမ်းများ၊ အမျိုးသမီးဘောလုံးသင်တန်းများ၊ လေ့ကျင့်ရေး သွားရောက်ခြင်းများ၊ အပြန်အလှန်ခြေစမ်းပွဲများအစရှိတဲ့ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်သွားကြမှာ ဖြစ်ကြောင်း သိရပါတယ်။ ရတနာပုံအမျိုးသမီးအသင်းနဲ့ မိတ်ဖက်အသင်းအဖြစ် စာချုပ်ချုပ်ဆိုလိုက်တဲ့ ထိုင်းအမျိုးသမီးကလပ် ဖရာနာခွန်းအမျိုးသမီးအသင်းဟာ ထိုင်းအမျိုးသမီးလိဂ်-၂ ပြိုင်ပွဲဝင်အသင်းဖြစ်ပါတယ်။ ဖရာနာခွန်းအမျိုးသမီး အသင်းဟာ ပြီးခဲ့တဲ့ရာသီ ထိုင်းအမျိုးသမီးလိဂ်-၂ ပြိုင်ပွဲမှာ အဆင့် (၅) နေရာ ရရှိခဲ့ပါတယ်။ ရတနာပုံအမျိုးသမီး အသင်းကတော့ ယခုနှစ်မှ စတင်တည်ထောင် ဖွဲ့စည်းထားတာဖြစ်ပါတယ်။ (NVS 008)