“ဖီဖာကို အပြောင်းအလဲလုပ်ရတော့မှာဖြစ်ပြီး အင်ဖန်တီနို ရဲ့ခေတ်ကုန်သွားပြီလို့ တီဘက်စ် ပြောကြား”

11 Aug

လာလီဂါအဖွဲ့ချုပ်ဥက္ကဋ္ဌ ဟာဗီယာတီဘက်စ် က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ကို အပြောင်းအလဲ လုပ်ရတော့မှာဖြစ်ပြီး ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို ရဲ့ခေတ်ကုန်သွားပြီလို့ ဝေဖန်ပြောကြားခဲ့ပါတယ်။ အင်ဖန်တီနို က ဖီဖာပြိုင်ပွဲတွေရဲ့ ရှယ်ယာတွေကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေဆီ ရောင်းချဖို့ အဆိုပြုခဲ့တာကြောင့် ဝေဖန်ပြစ်တင်မှုများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး အဆိုပြုမှုကိုလည်း ပြန်ရုပ်သိမ်းခဲ့ရပါတယ်။ ဒါကြောင့် ဖီဖာအဖွဲ့ဝင် ၂၁၁ နိုင်ငံစလုံးကို တောင်းပန်စကားပြောကြားခဲ့ပေမယ့် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)အပါအဝင် ဘောလုံးအဖွဲ့ချုပ်တွေက အင်ဖန်တီနို ကို ရာထူးက နုတ်ထွက်ပေးဖို့ ဖိအားပေးတောင်းဆိုနေကြပါတယ်။ (NVS 008)

11 Aug

ADVERTISE HERE .