“ဇူဘီမန်ဒီ ကို ယူရိုသန်း ၇ဝ နဲ့ စတင်ကမ်းလှမ်းဖို့ စီစဉ်နေတဲ့ ရီးရဲလ်အသင်း”

11 Aug

ရီးရဲလ်အသင်းဟာ အာဆင်နယ်အသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား ဇူဘီမန်ဒီ ကို ယူရိုသန်း ၇ဝ နဲ့ စတင်ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ဇူဘီမန်ဒီ ဟာ ၂ဝ၂၅ နွေရာသီကမှ ဆိုစီဒက်ကနေ အာဆင်နယ်အသင်းကို ယူရို ၆၅ သန်းနဲ့ ရောက်ရှိ ခဲ့သူဖြစ်ပြီး ၂ဝ၃ဝ အထိ စာချုပ်ချုပ်ဆိုထားပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းက နယူးကာဆယ်အသင်းရဲ့ ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂီမာရေ့စ် ကို ခေါ်ယူခဲ့တာကြောင့် ဇူဘီမန်ဒီ ရဲ့အနာဂတ် မရေမရာဖြစ်လာခဲ့ပြီး ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်းတွေ ရှိလာခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဇူဘီမန်ဒီ ကို ခေါ်ယူဖို့ ရီးရဲလ်အသင်းနည်းတူ ချဲလ်ဆီးအသင်းနှင့် မန်ယူအသင်းတို့ကလည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ရီးရဲလ်အသင်းကတော့ မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီ ကို ခေါ်ယူဖို့ ကြိုးစားမှုမှာ ဘာစီလိုနာအသင်းက အသာစီးရရှိသွားတာကြောင့် ဇူဘီမန်ဒီ ဘက် လှည့်လာခြင်းဖြစ်ပါတယ်။ ရီးရဲလ်အသင်းက ဇူဘီမန်ဒီ ကို ယူရိုသန်း ၇ဝ နဲ့ စတင်ကမ်းလှမ်းဖို့ အသင့်ရှိနေပြီဖြစ်ပေမယ့် အာဆင်နယ်အသင်းက အနည်းဆုံးယူရိုသန်း ၉ဝ ရရှိမှ ရောင်းထုတ်သွားမယ်လို့ သိရပါတယ်။ (NVS 008)

11 Aug

ADVERTISE HERE .