“မြဝတီမြို့မှာ ပြည့်တန်ဆာလုပ်ငန်းများကင်းရှင်းပပျောက်စေရေးအတွက် အရေးယူဆောင်ရွက်မည်”
11 Aug
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ပြည့်တန်ဆာလုပ်ငန်းများ ကင်းရှင်းပပျောက်စေရေးအတွက် ထိထိရောက်ရောက် အရေးယူဆောင်ရွက်မည်ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်း က သြဂုတ်လ ၁၀ ရက်မှာကျင်းပတဲ့ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (ပထမနေ့) မှာ မြဝတီမြို့၌ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်မှုများပြားလာ၍ ယင်းအနှိပ်ခန်းနှင့် ပြည့်တန်ဆာရုံများကို ပိတ်သိမ်းပြီး ဖမ်းဆီးအရေးယူရန် ရှိ/မရှိကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဦးအေးမင်းထွေး၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။ မြဝတီမြို့မှာ ပြည့်တန်ဆာလုပ်ငန်းများ ကင်းရှင်းပပျောက်စေရန် ဖော်ထုတ်ဖမ်းဆီး အရေးယူခြင်းများကို မိတ်ဘက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ထိထိရောက်ရောက်အရေးယူသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အသိပညာပေးလုပ်ငန်းများကို ယခုထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားမည်ဖြစ်ကာ ပြည့်တန်ဆာလုပ်ငန်း များကို ပူးပေါင်းအဖွဲ့များနှင့်ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်ရေးအတွက် အသေးစိတ်အစီအမံများရေးဆွဲ တင်ပြထား ပြီးဖြစ်ကာ ရေးဆွဲထားတဲ့ အစီအမံအတိုင်းသတင်းအတိအကျရရှိပါက ဖော်ထုတ်ဖမ်းဆီး အရေးယူသွားမယ်လို့ ပြောကြားခဲ့ပါတယ်။(NVS 008)