“စဉ့်ကိုင်မြို့နယ်မှာ ဒုဋ္ဌဝတီမြစ်ရေတက်၍ ပြည်သူများကို ဘေးလွတ်ရာရွှေ့ပြောင်း”

11 Aug

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြစ်ကမ်းဘေးရှိ ကျေးရွာများအတွင်းသို့ ရေဝင်ရောက်နေကြောင်း သိရပါတယ်။ ဒါကြောင့် ဒေသခံပြည်သူ ၁,၈၁၀ ဦးနှင့် တိရစ္ဆာန် ၄၅၀ ကောင်တို့ကို ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်း ပေးခဲ့ ရကြောင်း သက်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့များကနေ သိရပါတယ်။ ဩဂုတ်လ ၁၀ ရက်ညနေပိုင်းမှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒုဋ္ဌဝတီမြစ်ရေ လျင်မြန်စွာရောက်ရှိလာပြီး စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဧည့်ပြကျေးရွာ အုပ်စုနှင့် ပလိပ်ကျေးရွာအုပ်စုတို့မှ နေအိမ်များအတွင်းသို့ ရေများစတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါရေဘေး ကြုံတွေ့နေရတဲ့ ကျေးရွာများသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်း များကို ချက်ချင်းကွင်းဆင်း ဆောင်ရွက်ခဲ့ကြပါတယ်။ (NVS 008)

11 Aug

ADVERTISE HERE .