“FDA က သုံးစွဲရန်မသင့်သည့် အလှကုန် ၅ မျိုး အသိပေးကြေညာ”
11 Aug
ပြည်တွင်းဈေးကွက်အတွင်း ရောင်းချနေတဲ့ အလှကုန်ပစ္စည်းများကို စစ်ဆေးရာ FDA မှာ မှတ်တမ်းတင်ထား ခြင်းမရှိတဲ့အပြင် တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေတဲ့ အလှကုန် ၅ မျိုးကို တွေ့ရှိရသဖြင့် အများပြည်သူ သုံးစွဲရန် မသင့်ကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က အသိပေးကြေညာလိုက်ပါတယ်။ တားမြစ်ဓာတုပစ္စည်းပါ အလှကုန်များကို အသုံးပြုပါက အရေပြားယားယံ၊ ရောင်ရမ်းခြင်း၊ ထုံကျင်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့်စိတ်ကျရောဂါများအပြင် ရေရှည်မှာ ကျောက်ကပ်ပျက်စီးသည်အထိ ဖြစ်ပေါ်နိုင်ကြောင်းသိရပါ တယ်။ သို့ဖြစ်ပါ၍ တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချသူများ (Online ရောင်းချသူများအပါအဝင်)အနေနဲ့ အဆိုပါတားမြစ် အလှကုန်များကို ရောင်းချခြင်းမပြုကြရန်နှင့် လိုက်နာမှုမရှိပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း FDA က ထုတ်ပြန်ထားပါတယ်။ (NVS 008)