“ထရမ့် က အီရန်ကို စစ်ရေးအရတိုက်ခိုက်ခြင်းထက် စီးပွားရေးအရဖိအားပေးခြင်းကို ပို၍လိုလားကြောင်း အမေရိကန်မီဒီယာဖော်ပြ”

10 Aug

အမေရိကန် Axios သတင်းဝက်ဘ်ဆိုက်၏ ဩဂုတ်လ ၉ ရက် ဖော်ပြချက်အရ အမေရိကန်သမ္မတ ထရမ့် သည် ၎င်းတို့၏အင်တာဗျူးကို ဖြေကြားရာတွင် အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုအသစ်များ လုပ်ဆောင်ခြင်းထက် စီးပွားရေး အရ ဖိအားပေးခြင်းအား ပို၍လိုလားသည်ဟု ပြောကြားခဲ့ကြောင်းသိရသည်။ သမ္မတ ထရမ့် က အဆိုပါအချိန်ခဏတာ ဖုန်းဖြင့်အင်တာဗျူးတွင် “ကျုပ်တို့ကဒီကိစ္စကို သိုသိုသိပ်သိပ် ကိုင်တွယ်ဆောင်ရွက်နေတယ်၊ ကျုပ်တို့က သူတို့(အီရန်)နဲ့ တစ်ပိုင်းတစ်စ တရားဝင်ဆွေးနွေးမှုတွေ လုပ်နေတာပါ။ အီရန်ကို ကျုပ်တို့စောင့်ကြည့်နေရုံပါပဲ၊ သူတို့မှာ ဆိုးရွားတဲ့ငွေကြေးဖောင်းပွမှုနဲ့ ငွေကြေးမရှိတော့တဲ့ အဖြစ်မှန်တွေနဲ့ ရင်ဆိုင်နေရတယ်”ဟု ပြောကြားခဲ့သည်။ အမေရိကန်၏ ပင်လယ်ရေကြောင်းပိတ်ဆို့မှုသည် အီရန်နိုင်ငံ၏ စီးပွားရေးကို ပိုမိုဆိုးရွားစေခဲ့သည်ဟုလည်း ၎င်းက အလေးထားပြောကြားခဲ့သည်။ ထို့အပြင် ထရမ့် က ရေနံဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၅ ဒေါ်လာကျော်ရုံ လေးလောက် အထိ ကျဆင်းလာခြင်းနှင့်အတူ အမေရိကန်စားသုံးသူများက စစ်ပွဲအတွင်းခံစားနေရသည့် ဒုက္ခများ အထိုက် အလျောက် လျော့နည်းသွားကြောင်း ပြောကြားခဲ့သည်။ အီရန်နှင့် အဖန်တလဲလဲ အားပြိုင်နေမှုနှင့်စပ်လျဉ်း၍ ကိစ္စတွေက ပြေလည်သွားမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဖြေရှင်းနိုင်တယ်။ ဒါက စစ်တုရင်ထိုးတာနဲ့တူတယ်ဟု ၎င်းက ပြောကြားခဲ့သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီ က လက်ရှိတွင် အီရန်အနေဖြင့် အမေရိကန်နှင့် မည်သည့်ဆွေးနွေး မှုမျှ မပြုလုပ်ထားကြောင်း၊ အမေရိကန်က နားလည်မှုစာချွန်လွှာ ချိုးဖောက်မှုများရပ်တန့်ပြီး သက်ဆိုင်ရာ ကတိ ချိုးဖောက်မှုလုပ်ရပ်များကို ပြန်လည်ဖြည့်ဆည်းမှု မပြုလုပ်သေးမီ နှစ်ဖက်ဆွေးနွေးမှု ပြန်လည်စတင်သည့် ဖြစ်နိုင်ခြေအနေအထားမရှိဟု အီရန်ဘက်ကယူဆကြောင်း ဩဂုတ်လ ၉ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ် က အမေရိကန်-အီရန် ပဋိပက္ခ အဆုံးမသတ်သေးကြောင်း၊ သို့သော် အစပျိုးသည့် အခင်းအကျင်းမဟုတ်တော့ဘဲ အလယ်ပိုင်းအဆင့်ကို ရောက်ရှိလာသည်မှာ ထင်ရှားကြောင်း ဩဂုတ်လ ၈ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်က သံတမန်ရေး၊ စီးပွားရေးနှင့် စစ်ရေး စသည့် အထွေထွေနည်းလမ်းများကိုသုံးပြီး နောက်ဆုံးတွင် အကောင်းဆုံးရလဒ် ရရှိစေရေး သေချာစေရန် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)

10 Aug

ADVERTISE HERE .