“ပြင်သစ်နောက်ခံလူ ဒစ်ဂ်နေး ကို ပေါင် ၈ ဒသမ ၅ သန်းနဲ့ ပြန်လည်ခေါ်ယူလိုက်တဲ့ PSG အသင်း”
10 Aug
PSG အသင်းဟာ ပြင်သစ်နောက်ခံလူ လူးကပ်စ်ဒစ်ဂ်နေးကို ပေါင် ၈ ဒသမ ၅ သန်းနဲ့ ပြန်လည်ခေါ်ယူပြီး ၂ဝ၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။ ဒစ်ဂ်နေး က PSG အသင်းမှာ ၂ဝ၁၃ ကနေ ၂ဝ၁၆ အထိ ကစားခဲ့ဖူးသူဖြစ်တာကြောင့် (၁ဝ)နှစ်အကြာမှာ အသင်းဟောင်းဆီ တစ်ကျော့ပြန်ရောက်ရှိခြင်းလည်း ဖြစ်ပါတယ်။ အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ဒစ်ဂ်နေး က ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို လိုင်လီအသင်းမှာ အစပြုခဲ့သူဖြစ်ပြီး PSG၊ ရိုးမား(အငှား)၊ ဘာစီလိုနာ၊ အဲဗာတန်နဲ့ အက်စတွန်ဗီလာအသင်းတွေမှာ ကစားခဲ့သူဖြစ်ပါတယ်။ ဒစ်ဂ်နေးက ဒီနွေရာသီမှာ PSG အသင်း ခေါ်ယူတဲ့ (၄)ဦးမြောက် ကစားသမားဖြစ်ပြီး PSG က ဒီနွေရာသီမှာ ကစားသမားခေါ်ယူမှုထက် ကစားသမားရောင်းချမှုက ပိုမိုများပြားနေကြောင်းလည်း သိရပါတယ်။ (NVS 008)
10 Aug