“ဖာရန်တောရက်စ်နဲ့ သဘောတူညီမှုရရှိခဲ့တဲ့ PSGအသင်း”
10 Aug
ပြင်သစ်ထိပ်သီး PSG အသင်းဟာ ဘာစီလိုနာအသင်းရဲ့ စပိန်တောင်ပံတိုက်စစ်ကစားသမား ဖာရန်တောရက်စ် ကို ခေါ်ယူနိုင်ဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ PSG အသင်းဟာ ဖာရန်တောရက်စ်ကို လာမယ့်ရက်သတ္တပတ်အတွင်း ခေါ်ယူနိုင်တော့မှာဖြစ်ပြီး အပြောင်းအရွှေ့တန်ဖိုးအနေနဲ့ ယူရိုသန်း ၅၀ ဖြစ်ကြောင်း သိရပါတယ်။ ဘာကိုလာ ကို အသင်းကနေ ထွက်ခွင့် ပေးထားသလို၊ ဂွန်ကာလိုဟယ်မို့စ်နဲ့ ကိုလိုမူအာနီတို့ကို ရောင်းထုတ်ခဲ့ပြီးနောက် PSG အသင်းအနေနဲ့ တိုက်စစ်ကို ပြန်လည်အားဖြည့်ဖို့အတွက် ဖာရန်တောရက်စ်ကို ကြိုးပမ်းခဲ့ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်အသင်းချန်ပီယံဖြစ်စေမယ့် တစ်လုံးတည်းသော အနိုင်ဂိုးကိုသွင်းယူခဲ့တဲ့ ဖာရန်တောရက်စ်ကို တခြားဥရောပထိပ်သီးအသင်းတွေ စိတ်ဝင်စားခဲ့ကြပေမယ့် တောရက်စ် က PSG ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဖာရန်တောရက်စ်အနေနဲ့ PSG အသင်းမှာ ခါဗရာစကယ်လီယာ၊ ဒူအီ၊ ဒမ်ဘီလီတို့နဲ့ နေရာလုတိုက်ပွဲဝင်ရဖို့ ရှိနေပါတယ်။ (NVS 008)