“ထွန်းမင်းအောင်-ရာမာန်၊ အဲမွီ-သန့်ဇင်တို့ သရေရလဒ်ဖြစ်ပေါပြီး ကမ္ဘာရှား ကို အနိုင်ရရှိခဲ့တဲ့ နိုင်ဝင်းထွန်း”
10 Aug
MLWC-11 ပြိုင်ပွဲကို သြဂုတ်လ ၉ ရက်မှာ ရန်ကုန်မြို့ရှိ သိမ်ဖြူလက်ဝှေ့အားကစားရုံတွင် ကျင်းပခဲ့ပြီး သရေပွဲ ၅ ပွဲအထိ ထွက်ပေါ်ခဲ့ပါတယ်။ ပထမတွဲဆိုင်းအဖြစ် ဒေါင်းမိုက်သွေးနဲ့ စောရူဘီတို့က (၅၃) ကီလိုတန်းမှာ လေးချီယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး သရေရလဒ်ထွက်ပေါ်ခဲ့သလို၊ ဒုတိယတွဲဆိုင်းအဖြစ် အောင်ကိုလတ်နဲ့ စောထိန်လင်းတို့က (၆၅) ကီလိုတန်းမှာ လေးချီယှဉ်ပြိုင်ထိုးသတ်ခဲ့ရာမှာလည်း သရေကျခဲ့ပါတယ်။ တတိယတွဲဆိုင်းအဖြစ် ဆလိုင်းထန်ခွီးရှိန်နဲ့ ဟိန်းထွန်းအောင်တို့က (၅၆) ကီလိုတန်းမှာ ငါးချီယှဉ်ပြိုင် ထိုးသတ်ခဲ့သလို၊ စတုတ္ထတွဲဆိုင်းအဖြစ် အဲမွီနဲ့ သန့်ဇင်တို့က (၆၀) ကီလိုတန်းမှာ ငါးချီယှဉ်ပြိုင်ခဲ့ကြပြီး သရေပွဲများ ဖြစ်ခဲ့ပါတယ်။ ထိပ်ဆုံးခေါင်ပွဲဖြစ်တဲ့ ထွန်းမင်းအောင်နဲ့ ရာမာန်တို့ကလည်း (၇၅)ကီလိုတန်းမှာ ငါးချီယှဉ်ပြိုင် ထိုးသတ်ခဲ့ကြပေမယ့် သရေရလဒ်သာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒုခေါင်တွဲဆိုင်းအဖြစ် နိုင်ဝင်းထွန်းနဲ့ ကမ္ဘာရှားတို့က (၆၇) ကီလိုတန်းပွဲမှာထိုးသတ်ခဲ့ကြပြီး နိုင်ဝင်းထွန်းက ဒိုင်ပွဲရပ်နဲ့ အနိုင်ရခဲ့ပါတယ်။ (NVS 008)