“ချာလိုဘာ ကို ၂ဝ၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တဲ့ ကိုမိုအသင်း”

10 Aug

ချဲလ်ဆီးအသင်းရဲ့ အင်္ဂလန်နောက်ခံလူ ချာလိုဘာ ဟာ စီးရီးအေကလပ် ကိုမိုအသင်းကို ပြောင်းရွှေ့ခဲ့ပြီး ၂ဝ၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။ အသက် ၂၇ နှစ်အရွယ် ချာလိုဘာ ဟာ ချဲလ်ဆီးအကယ်ဒမီထွက်ကစားသမားဖြစ်ပြီး ချဲလ်ဆီးအသင်းမှာ ၁၅၁ ပွဲကစားကာ သွင်းဂိုး ၈ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ချဲလ်ဆီးအသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် ကစားခွင့်ရခဲ့ပေမယ့် နည်းပြသစ် အလွန်ဆို ရောက်ရှိလာပြီးနောက် အရောင်းစာရင်းထဲ ထည့်သွင်းခံခဲ့ရပါတယ်။ ချာလိုဘာ ကို ဖာဘရီဂတ်စ် ကိုင်တွယ်နေတဲ့ ကိုမိုအသင်းက ပေါင်သန်း ၃ဝ နဲ့ ခေါ်ယူခဲ့ပြီး ၅ နှစ်စာချုုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ (NVS 008)

10 Aug

ADVERTISE HERE .