“စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (သာယာဝတီ) အား ကောလိပ်အဆင့်မြှင့်တင်သွားမည်”

10 Aug

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းကို ကောလိပ်အဆင့်သို့ မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဩဂုတ်လ ၈ ရက်မှာ အဆိုပါကျောင်း၏ စာတွေ့၊ လက်တွေ့ သင်ကြားသင်ယူရေး လုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကောလိပ်အဆင့်မြှင့်တင်နိုင်ရေးအတွက် လိုအပ်တဲ့အကြိုလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားကြရန် တာဝန်ရှိသူ များကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးက သာယာဝတီ၊ ထားဝယ်နှင့် ကျောက်တော်စိုက်ပျိုးရေးနှင့် မွေးမြူရေး သိပ္ပံကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ ရေရှည်တည်တံ့သော သင်ကြားရေးအတွက် မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ကြရန် တိုက်တွန်းခဲ့ပါတယ်။ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ကျွမ်းကျင်လူသားအရင်းအမြစ်များဖြစ်အောင် ကြိုးပမ်းကြရန်၊ ပညာ သင်ယူပြီးပါက မိမိဘဝတိုးတက်ရေးနှင့်အတူ တောင်သူများကို အကျိုးပြုနိုင်ရေးအတွက် လုပ်ငန်းခွင်မှန်ကန်စွာ ရွေးချယ်ကြရန်လည်း ထည့်သွင်းမှာကြားခဲ့ကြောင်း သိရပါတယ်။ (NVS 008)

10 Aug

ADVERTISE HERE .