“မြင်းမူ၊ ပခုက္ကူနှင့် ညောင်ဦးမြို့တို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထိ မြင့်တက်လာနိုင်”

10 Aug

ဧရာဝတီမြစ်ရေက မြင်းမူ၊ ပခုက္ကူနှင့် ညောင်ဦးမြို့တို့မှာ စိုးရိမ်ရေမှတ်အနီးသို့ ရောက်ရှိနေပြီး လာမည့် ၂၄ နာရီမှ ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ်လ ၉ ရက် နံနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ ဩဂုတ်လ ၉ ရက် နံနက် ၆ နာရီခွဲ တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် မြင်းမူမြို့နှင့် ပခုက္ကူမြို့တို့တွင် စိုးရိမ်ရေမှတ်အောက် ၂ ပေခန့်အလိုစီ၌ ရောက်ရှိနေပြီး လာမည့် ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ အသီးသီး ရောက်ရှိနိုင်ပါတယ်။ညောင်ဦးမြို့တွင်မူ စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲခန့်အလို၌ ရောက်ရှိနေပြီး လာမည့် ၂၄ အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာနိုင်ပါတယ်။ သို့ဖြစ်ပါ၍ မြင်းမူ၊ ပခုက္ကူနှင့် ညောင်ဦးမြို့နယ်များရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုရန်နှင့် ဘေးလွတ်ရာသို့ အချိန်မီ ရှောင်ရှားနိုင်ရန် သက်ဆိုင်ရာမှ သတိပေးနှိုးဆော်ထားကြောင်း သိရပါတယ်။ ဩဂုတ်လ ၁၀ ရက်နံနက်ပိုင်းထုတ်ပြန်ချက်အရ မြင်းမူမြို့နှင့် ညောင်ဦးမြို့တို့တွင် စိုးရိမ့်ရေမှတ်အထက် ၃လက်မနှင့် ပခုက္ကူမြို့တွင် စိုးရိမ်ရေမှတ်အောက်ပေဝက်တွင် ရောက်ရှိနေကြာင်း သိရပါတယ်။ (NVS 008)

10 Aug

ADVERTISE HERE .