“ရေကြည်မြို့နယ်မှာ ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၁၈ ခု ဖွင့်လှစ်”

10 Aug

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးမှုကြောင့် ရေကြည် မြို့နယ်မှာ ရေကြီးရေလျှံမှုကြုံတွေ့နေရကာ လူဦးရေ ၂,၉၆၀ ဦးရေဘေးသင့်နေသဖြင့် ယာယီရေဘေးကယ်ဆယ်ရေး စခန်း ၁၈ ခုဖွင့်လှစ်ထားရကြောင်း သိရပါတယ်။ အဆိုပါယာယီရေဘေးကယ်ဆယ်ရေးစခန်းများမှာ ခိုလှုံနေကြတဲ့ ရေဘေးသင့်သူများကို သက်ဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များက ရေသန့်ဘူးများ၊ Royal-D ဘူးများ၊ ခေါက်ဆွဲခြောက်ထုပ်များ၊ မုန့်ကြွပ်ထုပ်များ၊ ဆန်အိတ်များ၊ ထမင်းဘူးများကိုထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ရေကြည်မြို့နယ်အတွင်းရှိ ရေဝင်ရောက်မှုများဖြစ်ပေါ်နေတဲ့ အခြေခံပညာစာသင်ကျောင်း ၆ ကျောင်းကို ဆရာ/ဆရာမများ၊ ကျောင်းသား/သူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ယာယီပိတ်ထားကြောင်း သိရပါတယ်။ (NVS 008)

10 Aug

ADVERTISE HERE .