“ဖလမ်းမြို့နယ်မှာ Placement Test စာမေးပွဲကျင်းပခဲ့ရာ ကျောင်းသား/သူ ၂၀၅ ဦးဝင်ရောက်ဖြေဆို”
10 Aug
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် Placement Test စာမေးပွဲကို ဩဂုတ် ၉ ရက်က အ.ထ.က(၂)မှာကျင်းပခဲ့ရာ ကျောင်းသား/သူ ၂၀၅ ဦးဝင်ရောက်ဖြေဆိုခဲ့ကြပါတယ်။ မူလတန်းအဆင့်(၂)ဖြေဆိုသူ ၂၁ ဦး၊ အလယ်တန်းအဆင့်(၁)ဖြေဆိုသူ ၇ ဦး၊ အလယ်တန်းအဆင့်(၂) ဖြေဆိုသူ ၁၀ ဦး၊ အလယ်တန်းအဆင့်(၃) ဖြေဆိုသူ ၁၆၇ ဦးရှိကြောင်း သိရပါတယ်။ အဆိုပါ Placement Test စာမေးပွဲကို မူလတန်းအဆင့် ကျောင်းမနေဖူးတဲ့ ကလေးများအတွက် အဆင့်(၁)စာမေးပွဲ၊ G-3 အောင်မြင်ပြီးတဲ့ ကျောင်းသား/သူများအတွက် အဆင့်(၂)စာမေးပွဲ၊ G-5 အောင်မြင်တဲ့ကျောင်းသား/သူများအတွက် အဆင့်(၁)စာမေးပွဲ၊ G-6 အောင်မြင်တဲ့ ကျောင်းသား/သူများအတွက် အဆင့်(၂)စာမေးပွဲနှင့် G-7၊ G-8 အောင်မြင်သူများနှင့် G-9 တက်ရောက်တဲ့ ကျောင်းသား/သူများအတွက် အဆင့်(၃)စာမေးပွဲအဖြစ်ကျင်းပခဲ့ကြောင်း သိရပါတယ်။ (NVS 008)
10 Aug