“အီရန်စစ်ပွဲကြောင့် အာရှရှိ အမေရိကန်၏မဟာမိတ်များမှာ အကာအကွယ်မဲ့သလို ခံစားနေရဟုဆို”

10 Aug

အီရန်စစ်ပွဲကြောင့် အာရှဒေသတွင်ရှိသည့် အမေရိကန်၏မဟာမိတ်နိုင်ငံများသည် အကာအကွယ်မဲ့ နေသလို ခံစားနေရကြောင်း တာဝန်ရှိသူများ၏ပြောဆိုချက်ကို ကိုးကားပြီး The New York Times သတင်းစာ၌ ဖော်ပြထားသည်။ အထူးသဖြင့် အီရန်နှင့်စစ်ပွဲတွင် အမေရိကန်သည် သူ၏လက်နက်အမြောက်အမြားကို အချိန်တို အတွင်း အသုံးပြုလိုက်ရတာကြောင့် ဖြစ်သည်။ ဖေဖော်ဝါရီလ ၂၈ ရက်တွင် စတင်ဖြစ်ပွားခဲ့သည့် စစ်ပွဲကြောင့် အမေရိကန်သည် တန်ဖိုးကြီးမားလှသည့် တိကျပဲ့ထိန်းဒုံးကျည်များ၊ ကြားဖြတ်ဒုံးကျည်များကို ခဲယမ်းဂိုဒေါင်တွင် ဒုံးကျည်များ မကျန်တော့သလောက်နီးပါးဖြစ်အောင် အသုံးပြုခဲ့ရပြီး ထိုကဲ့သို့အသုံးပြုခဲ့ရခြင်းကြောင့် အထူးသဖြင့် အာရှဒေသအပါအဝင် အခြားနိုင်ငံများသို့ ဒုံးကျည်များကို အချိန်မီပေးပို့နိုင်ခြင်းမရှိခဲ့ဘူးလို့ တာဝန်ရှိသူများက ဆိုထားသည်။ အဆိုပါစစ်ပွဲတွင် အမေရိကန်သည် တောင်ကိုရီးယားအပါအဝင် အာရှဒေသရှိ မိတ်ဖက်နိုင်ငံများရှိ သိုလှောင်ထားသော ၎င်းတို့၏ ကြားဖြတ်ဒုံးကျည်များကိုပါ အသုံးပြုခဲ့ပြီး အရှေ့အလယ်ပိုင်းရှိ အမေရိကန် စစ်စခန်းများကို ကာကွယ်ခဲ့ရတယ်လို့ သတင်းစာတွင် ဖော်ပြထားပါတယ်။ အသုံးပြုခဲ့ရသည့် ဒုံးကျည်များသည် တရုတ်နှင့် ပဋိပက္ခဖြစ်ပါက အသုံးပြုရမည့် အရန်ဒုံးကျည်တွေလည်းပါဝင်ကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။

10 Aug

ADVERTISE HERE .