“ဒေါ်နယ်ထရမ့်၏ အချက် ၁၅ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို နေတန်ယာဟုက လက်မခံဘဲပယ်ချ”

10 Aug

ဂါဇာကမ်းမြောင်ဒေသမှာဖြစ်ပွားနေတဲ့ ပဋိပက္ခများအဆုံးသတ်ပြီး ငြိမ်းချမ်းစေရေးအတွက် အမေရိကန် သမ္မတဒေါ်နယ်ထရမ့် ဦးဆောင်သည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့သည် အချက် ၁၅ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို ထုတ်ပြန်လိုက်ပြီး အမေရိကန်၏ အရင်းနှီးဆုံးမဟာမိတ်ဖြစ်သည့်အပြင် ဂါဇာဒေသပဋိပက္ခတွင် အဓိက ဖြစ်ခဲ့သော အစ္စရေးနိုင်ငံက အဆိုပါအစီအစဉ်များကို လက်မခံဘဲပယ်ချခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က ဩဂုတ်လ ၉ ရက်မှာလုပ်ဆောင်သည့် အစိုးရအဖွဲ့အစည်းအဝေးအတွင်း ယခုလိုငြင်းဆိုချက်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ နေတန်ယာဟု က အစ္စရေးနိုင်ငံအနေဖြင့် အချက် ၁၅ ချက်ပါ အစီအစဉ်ကို လက်မခံကြောင်း၊ ဟားမက်စ်အဖွဲ့၏ အလုံးစုံလက်နက်မစွန့်သမျှကာလပတ်လုံး အစ္စရေးတပ်ဖွဲ့များ ကလည်း ဒီနေရာမှ ဆုတ်ခွာပေးမည် မဟုတ်ကြောင်း၊ ဟားမက်စ်အဖွဲ့အနေဖြင့် လက်နက်ချမှုဆိုတဲ့ စကားရပ်ထဲမှာ သူတို့ အသုံးပြုနေသော လက်နက်ငယ်၊ လက်နက်ကြီးအပါအဝင် လက်နက်အားလုံးပါဝင်မှသာ အမှန်တကယ် လက်နက်ချတာကို ဆိုလိုကြောင်း တစ်ဖက်လှည့်နှင့် လှည့်စားခြင်းမျိုးမလိုချင်ကြောင်း ပြောသည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၉ ရက်တွင် အီဂျစ်၊ ကာတာ၊ အမေရိကန်၊ တူကီယဲနိုင်ငံတို့၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် အစ္စရေးနှင့် ဟားမက်စ်တို့ကြား အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အဆိုပြုသည့် ငြိမ်းချမ်းရေးအစီအစဉ်၏ ပထမအဆင့်ကို အကောင်အထည်ဖော်သွားရန် သဘောတူထားကြခြင်း ဖြစ်သည်။ အဆိုပါ သဘောတူညီချက် အစ္စရေးတပ်ဖွဲ့များသည် ဂါဇာဒေသထဲမှ အဝါရောင်မျဉ်းလို့ သတ်မှတ်ထားသောနေရာ အထိ ပြန်ဆုတ်ပေးရမှာဖြစ်သည်။ ထိုကဲ့သို့ ပြန်ဆုတ်ပေးရသည့်တိုင်အောင် အစ္စရေးအနေဖြင့် ဂါဇာကမ်းမြောင် ဒေသ၏ ၅၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ခွင့်ရှိနေကြောင်း Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။

10 Aug

ADVERTISE HERE .