(၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ ဩဂုတ်လ ၉ ရက်တွင် ကျင်းပ
09 Aug
(၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ (MLWC) ကို ယနေ့ဩဂုတ်လ ၉ ရက်တွင် ကျင်းပခဲ့ပြီး ပါဝင်မည့် ကစားသမားများ ဆေးစစ်ဝိတ်ချိန်ခြင်းကို ဩဂုတ်လ ၈ ရက်၌ ပြီးစီးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ပြိုင်ပွဲကို ရန်ကုန်မြို့၊ သိမ်ဖြူမြန်မာ့ရိုးရာလက်ဝှေ့ခန်းမ၌ Myanmar Martial Arts Group (MMAG) က စီစဉ်ကျင်းပခြင်းဖြစ်ပြီး အလဲထိုးစနစ်ကို အဓိကအသုံးပြုကာ တွဲဆိုင်း ၆ ဆိုင်းဖြင့် ကျင်းပသွားမှာ ဖြစ်ပါတယ်။ အဓိက ခေါင်ပွဲမှာ ထွန်းမင်းအောင် (Top One)နဲ့ ရာမန်(ရိုးရာစွမ်းအား)တို့ ဖြစ်ပြီး ဒုတိယ ခေါင်ပွဲမှာ နိုင်ဝင်းထွန်း (Nine Lethwei) နဲ့ ကမ္ဘာရှား (ဇာထက်မိတ္ထီလာ) တို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ပါဝင်တဲ့ ပွဲဆိုင်းတွေကတော့ ဒေါင်းမိုက်သွေး (Nine Lethwei) နှင့် စောရူဘီ (YMA) ၊ အောင်ကိုလတ် (Ray) နှင့် စောထိန်လင်း (555 Sports)၊ ဆလိုင်းထန်ခွီးရှိန် (ကျားမနိုင်)နဲ့ သန့်ဇင် (ပိုင်သွန်တော်ဝင်ဧရာ) တို့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ (NVS 008)