လီဗာပူးလ်အသင်းက ဘာစီလိုနာနောက်ခံလူ အာရူဟိုကို အငှားနဲ့ခေါ်ယူဖို နီးစပ်နေ
09 Aug
လီဗာပူးလ်အသင်းဟာ ဘာစီလိုနာအသင်းက ဥရုဂွေးလက်ရွေးစင်နောက်ခံလူ အာရူဟိုကို အငှားနဲ့ ခေါ်ယူ ဖို့ နီးစပ်နေပါတယ်။ အသက် ၂၇ နှစ်အရွယ် အာရူဟိုရဲ့အငှားစာချုပ်မှာ အပြီးသတ်ခေါ်ယူခွင့်ရှိတဲ့အချက်လည်း ပါဝင်ပါတယ်။ အာရူဟိုဟာ အခုရက်သတ္တပတ်ကုန်ပိုင်းမှာ လီဗာပူးလ်အသင်းနဲ့ စတင်ပူးပေါင်းဖွယ်ရှိတယ်လို မျှော်လင့်ရပါတယ်။ အာရူဟိုဟာ ဘာစီလိုနာအသင်းနဲ့ ၂၀၃၁ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပေမယ့် ပြီးခဲ့တဲ့ရာသီက အမှတ်ပေးပွဲစဉ် ၁၁ ပွဲသာ ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်က ဂျရတ်မာတင်နဲ့ကူဘာဆီတိုအတွဲကိုသာ နောက်ခံအတွင်းလူ နေရာမှာ ဦးစားပေးပွဲထုတ်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်က အာရူဟိုဟာ ဥရုဂွေးကလပ် ဘော်စတွန်ရေးဗားအသင်းကနေ ဘာစီလိုနာအသင်းကို ရောက်လာပြီး ပြိုင်ပွဲစုံ ပွဲ ၂၀၀ ကျော် ကစားပေးထားပါတယ်။ (NVS 008)
09 Aug