အာဆင်နယ်နောက်ခံလူဟောင်း တော်မီယာဆုကို ခရစ္စတယ်ပဲလေ့စ် ခေါ်ယူ

09 Aug

ခရစ္စတယ်ပဲလေ့စ်အသင်းက အာဆင်နယ်နောက်ခံလူဟောင်း တော်မီယာဆုကို အလွတ်ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ ရာသီကြိုကာလမှာ ပဲလေ့စ်အသင်းက တော်မီယာဆုကို စမ်းသပ်မှုတွေ ပြုလုပ်ပြီးနောက် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်တယ်။ ဒါပေမဲ့ ပဲလေ့စ်အသင်းဟာ တော်မီယာဆုရဲ့စာချုပ်သက်တမ်းကိုတော့ မထုတ်ပြန် ခဲ့ပါဘူး။ အသက် ၂၇ နှစ်အရွယ် တော်မီယာဆုဟာ ပြီးခဲ့တဲ့ရာသီ ဒုတိယရာသီဝက်မှာ အေဂျက်စ်အသင်းတွင် ကစားခဲ့ပြီး ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။ ပဲလေ့စ်အသင်းရဲ့နည်းပြသစ် ပီရဲဆက်ဂ်လက်ထက် မင်ဂယ်ဇာပြီးနောက် ဒုတိယမြောက်ကစားသမား ခေါ်ယူမှုလည်း ဖြစ်ပါတယ်။ တော်မီယာဆုဟာ အာဆင်နယ်အသင်းမှာ ၂၀၂၁ ကနေ ၂၀၂၅ ခုနှစ်အထိ ကစားခဲ့ပြီး ပြိုင်ပွဲစုံ ၈၄ ပွဲ ကစားခွင့်ရခဲ့ပါတယ်။ (NVS 008)

09 Aug

ADVERTISE HERE .