အစိုးရဘဏ္ဍာငွေသုံး စာအုပ်ပုံနှိပ်ခြင်းများကို အစိုးရစက်ရုံများ၌သာ ဆောင်ရွက်ရန် ညှိနှိုင်း
09 Aug
နိုင်ငံတော် ဘဏ္ဍာငွေဖြင့် စာအုပ်စာစောင်များ ပုံနှိပ်ရာတွင် အစိုးရပိုင်ပုံနှိပ်စက်များ၌သာ စနစ်တကျ အပ်နှံရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၇ ရက်က ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ ကြောင်း သိရပါတယ်။ အစည်းအဝေးမှာ အစိုးရဆိုင်ရာပုံနှိပ်လုပ်ငန်းများ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေး ဝန်ကြီး ဦးထိန်လင်းက ဇူလိုင်လ ၃ ရက် အစည်းအဝေးဆုံးဖြတ်ချက်များအတိုင်း စတင်အကောင်အထည် ဖော်နေမှု များကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ သာသနာရေးဝန်ကြီးဌာနပိုင် ပုံနှိပ်စက်များတွင် အချိန်မီ အပ်နှံဆောင်ရွက်နိုင်ကြောင်း ပြောကြားခဲ့ကြပါတယ်။ အဆိုပါ လုပ်ငန်းဟာ အစိုးရဌာနများ၏စာအုပ်စာစောင်ပုံနှိပ်စရိတ်ဘဏ္ဍာငွေများကို အစိုးရပိုင် စက်ရုံများ ထံသို့သာ ပြန်လည်ရောက်ရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး တက်ရောက်လာသည့် ဝန်ကြီးဌာနများက လည်း နှစ်စဉ် စာအုပ်ပုံနှိပ်အပ်နှံမှုနှင့်ဆက်လက်အပ်နှံမည့် အခြေအနေများကို တင်ပြခဲ့ကြကြောင်း သိရပါတယ်။ (NVS 004)