နေပြည်တော်စည်ပင်၏ဝန်ဆောင်မှုလုပ်ငန်းများအား Digital စနစ်ပြောင်းလဲမည်

09 Aug

နေပြည်တော်ကို Smart City ဖြစ်စေရေးဆောင်ရွက်လျက်ရှိပြီး နေပြည်တော်စည်ပင်၏ ဝန်ဆောင်မှု လုပ်ငန်းများအားလုံးကို Digital စနစ်သို့ပြောင်းလဲသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ပြောင်းလဲနိုင်ရေးအတွက် သြဂုတ်လ ၇ ရက်နံနက်ပိုင်းက ညှိနှိုင်းအစည်းအဝေးကျင်းပရာ နေပြည်တော် ဒုတိယမြို့တော်ဝန်ဦးဝင်းမိုးခိုင်က Digital စနစ်ပြောင်းလဲပြီး Online payment System အသုံးပြုခြင်းဖြင့် အချိန်ကုန်သက်သာခြင်း၊ ငွေပေးချေမှုနှင့် ငွေသားကိုင်တွယ်မှုလုံခြုံစိတ်ချရခြင်း၊ ဝင်ငွေစီမံခန့်ခွဲမှုတိကျ မှန်ကန်ခြင်း၊ အဂတိလိုက်စားမှုအခွင့်အလမ်းများ လျှော့ချပေးခြင်းနှင့် ဌာန၏အချက်အလက်များကို အချိန်နဲ့တစ်ပြေးညီ စီမံခန့်ခွဲနိုင်ခြင်းအကျိုးကျေးဇူးများ ရရှိမည် ဟု ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် e-Government နှင့် Digital ဝန်ဆောင်မှုစနစ်အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု၊ နောင်တွင် Digital စနစ်ဖြင့်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ Digital ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်တို့မှ တာဝန်ရှိသူများကဆွေးနွေးပြောကြားခဲ့ကြပါတယ်။ (NVS 004)

09 Aug

ADVERTISE HERE .