ဒေါဖင်မုန်တိုင်း အိုကီနာဝါကိုဝင်ရောက် တရုတ်ကိုဆက်လက်ဦးတည်
09 Aug
ဂျပန်နိုင်ငံ အိုကီနာဝါဒေသကို ဩဂုတ်လ ၈ ရက်က ဒေါဖင်မုန်တိုင်းဝင်ရောက် တိုက်ခတ်သွားတဲ့အတွက် ထိခိုက်ဒဏ်ရာရရှိသူတွေရှိပြီး လျှပ်စစ်မီးပြတ်တောက်မှု နှင့်လည်းကြုံတွေ့နေရသည်။ မုန်တိုင်းသည် တရုတ်နိုင်ငံ ကို ဆက်လက်ဦးတည်နေတဲ့အတွက် အရှေ့ဘက်ကမ်းရိုးတန်းဒေသများရှိ ဆိပ်ကမ်းများကိုပိတ်ထားပြီး လေ ကြောင်းလိုင်းတွေရပ်ဆိုင်းခြင်းအပါအဝင် ကြိုတင်ကာကွယ်ရေးအရေးပေါ်စီမံချက် များကို စတင်ဆောင်ရွက် နေသည်။ မုန်တိုင်းကြောင့် ဂျပန်နိုင်ငံ အိုကီနာဝါနဲ့ကာဂိုရှီးမားဒေသတို့တွင် လေပြင်းထန်စွာ တိုက်ခတ်ကာ မိုး သည်းထန်စွာရွာသွန်းပြီး လူခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် နေအိမ်နှင့်အဆောက်အအုံပေါင်း ၅၀,၀၀ဝ ကျော်မှာ လျှပ်စစ်မီးပြတ်တောက် သွားခဲ့သည်။ မုန်တိုင်း၏ဗဟိုချက်အနီးတွင် တစ်နာရီကို ၁၆၂ ကီလို မီတာမှ ၂၁၆ ကီလိုမီတာအထိ လေပြင်း တိုက်ခတ် လျက်ရှိပြီး ခရီးစဉ်အများအပြားကိုလည်း ဖျက်သိမ်းခဲ့ရသည်။ မုန်တိုင်းသည် တရုတ်နိုင်ငံကို ဩဂုတ်လ ၉ ရက် ညပိုင်းနဲ့ ၁ဝ ရက်နံနက်ပိုင်းတို့ကြားတွင် ကျဲကျန်းပြည်နယ်နှင့် ဖူကျန့်ပြည်နယ်ကမ်းရိုးတန်းတို့ကြားကနေ ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းထားတာကြောင့် ဒုတိယအမြင့်ဆုံးအဆင့်သတိပေးချက်ဖြစ်သည့် လိမ္မော်ရောင် အဆင့် မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားပါတယ်။ တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံအရှေ့ဘက် ကမ်းရိုးတန်း ရှိဒေသများမှာ ဆိပ်ကမ်းလုပ်ငန်းစဉ်များ၊ ကူးတို့သင်္ဘောလိုင်းများ၊ ငါးဖမ်းလှေများကို ရပ်နားစေခဲ့ပြီး နင်ဘို အပြည်ပြည်ဆိုင်ရာ လေဆိပ်၏လေကြောင်းလိုင်းအားလုံးကိုလည်း ရပ်ဆိုင်းထားကြောင်း ST သတင်းဌာန ဖော်ပြ ချက်အရ သိရသည်။