ဆော်ဒီအာရေဗျ၊ တူကီယဲနှင့် ပါကစ္စတန်နိုင်ငံတို့၏ခေါင်းဆောင်များက ကာကွယ်ရေးဆိုင်ရာပူးတွဲ သဘော တူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုး

09 Aug

ဆော်ဒီအာရေဗျ၊ တူကီယဲနှင့်ပါကစ္စတန်နိုင်ငံတို့၏ခေါင်းဆောင်များက အရှေ့အလယ်ပိုင်းဒေသတွင် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို မြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ကြသည်။ ဒေသတွင်းတင်းမာမှုများ မြင့်တက်နေဆဲဖြစ်သည့်အချိန်တွင် ၎င်းတို့သည် ကာကွယ်ရေးဆိုင်ရာ ပူးတွဲသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ဆော်ဒီအာရေဗျနိုင်ငံ၏အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆာလ်မန်၊ တူကီယဲသမ္မတ အာဒိုဂန်နှင့် ပါကစ္စတန်ဝန်ကြီးချုပ် ရှက်ဘက်ဇ်ရှာရစ်ဖ်တို့က မက္ကာမြို့၌ အဆိုပါသဘောတူညီချက်ကို ဩဂုတ်လ ၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ရန်လိုကျူးကျော်မှု မည်သည့်လုပ်ရပ်ကိုမဆို ဆန့်ကျင်တားဆီးနိုင်မည့် စုပေါင်းစွမ်းအားကို ခိုင်မာ စေရန် ရည်ရွယ်ကြောင်းနှင့် ၎င်းတို့အနက် နိုင်ငံတစ်နိုင်ငံအပေါ် တိုက်ခိုက်မှုပြုလုပ်ခြင်း ကို အားလုံး အပေါ်တိုက်ခိုက်မှုအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ယင်းသဘောတူညီချက်တွင် ပြဋ္ဌာန်းထားသည်။ အဆိုပါသဘောတူညီချက်သည် မည်သည့်နိုင်ငံကိုမျှ ပစ်မှတ်ထားခြင်းမဟုတ်ကြောင်း တူကီယဲ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။ ထို့ပြင် ယင်းသဘောတူညီချက်သည် ကာကွယ်ရေးလုပ်ငန်းကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုနှင့်စစ်ရေးဆိုင်ရာပူးတွဲလုပ်ဆောင်နိုင်စွမ်းတို့ကို တိုးတက်စေ မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။ အဆိုပါနိုင်ငံသုံးနိုင်ငံစလုံးက ဂါဇာကမ်းမြောင် ဒေသအပေါ် အစ္စရေး၏တိုက်ခိုက်မှုများကို ဝေဖန်ရှုတ်ချကြသည်။ ပါကစ္စတန်နိုင်ငံက အမေရိကန်နှင့်အီရန်တို့ အကြား သံတမန်ရေးရာ ကြိုးပမ်းအားထုတ်မှုများတွင် ပါဝင်ဆောင်ရွက်လျက်ရှိပြီး တူကီယဲနိုင်ငံကလည်း တင်းမာမှုများကို လျှော့ချရေး ကြိုးပမ်းအားထုတ်မှုများတွင် ပါဝင်ဆောင်ရွက်လျက် ရှိကြောင်း NHK သတင်းဌာန ဖော်ပြချက်အရ သိရသည်။

09 Aug

ADVERTISE HERE .