“ဒူးဒဏ်ရာကြောင့် တစ်လနီးပါးခန့် အနားယူရဖွယ်ရှိတဲ့ ဂါနာချို”

08 Aug

အက်စတွန်ဗီလာအသင်း တောင်ပံကစားသမား ဂါနာချို အနေနဲ့ ဒူးဒဏ်ရာကြောင့် တစ်လနီးပါးခန့် အနားယူရဖွယ်ရှိနေကြောင်း သိရပါတယ်။ တောင်ပံကစားသမား ဂါနာချို ဟာ လက်ရှိအပြောင်းအရွှေ့ဈေးကွက်မှာ ချဲလ်ဆီးအသင်းမှ အက်စတွန်ဗီလာ အသင်းသို့ အငှားဖြင့် ပြောင်းရွှေ့လာခြင်းဖြစ်ပြီး ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်းက BG Pathum အသင်းကို သုံးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် တောင်ပံကစားသမား ဂါနာချို အနေနဲ့ ဒဏ်ရာကြောင့် ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီ၊ မိုချန်ဂလာဘတ် စတဲ့အသင်းများနှင့် ခြေစမ်းပွဲစဉ်များကို လွဲချော်သွားမှာဖြစ်ပါတယ်။(NVS 008)

08 Aug

ADVERTISE HERE .