“ဆယ်တာဗီဂိုအသင်းက မန်ယူအသင်း ဂိုးသမား ဘရင်ဒီယာ ကို အငှားဖြင့်ခေါ်ယူ”
08 Augစပိန်ကလပ် ဆယ်တာဗီဂိုအသင်းက မန်ယူအသင်းမှာ ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်နေရတဲ့ တူကီယဲဂိုးသမား ဘရင်ဒီယာ ကို တစ်ရာသီအငှားနဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ကြောင်း သိရပါတယ်။ သတင်းဖော်ပြချက်များအရ ဆယ်တာဗီဂိုအသင်းက အသက် ၂၈ နှစ်အရွယ် ဘရင်ဒီယာ ကို အငှားစာချုပ်ပြည့်ချိန်မှာ ယူရို ၄ သန်းနဲ့ အပြီးသတ် ခေါ်ယူဖို့ အချက်ကိုပါ သဘောတူညီမှုရရှိခဲ့ပါတယ်။ အငှားကာလအတွင်း ဘရင်ဒီယာ ရဲ့ ပွဲကစားခွင့်ရရှိမှုနဲ့ စွမ်းဆောင်ရည်အပေါ်မူတည်ပြီး အပြီးသတ် ခေါ်ယူမယ့် တန်ကြေးကလည်း အပြောင်းအလဲရှိနိုင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဘရင်ဒီယာ အနေနဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ တူကီယဲကလပ် ဖီနာဘာချီအသင်းကနေ မန်ယူအသင်းကို ပြောင်းရွှေ့ကြေး ယူရို ၅ သန်းနဲ့ ရောက်လာတာဖြစ်ပြီး ၂၀၂၇ ဇွန်လအထိ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းနဲ့အတူ ဘောလုံးရာသီ ၃ ခုအတွင်း ပရီးမီးယားလိဂ် ၁၀ ပွဲအပါအဝင် ပြိုင်ပွဲစုံ ၁၇ ပွဲသာ ကစားခွင့်ရခဲ့ပါတယ်။ မန်ယူအသင်းမှာ ဘယ်လ်ဂျီယံဂိုးသမား လမ်းမန်းစ် က ပွဲထွက်ကစားခွင့်ရနေသလို အခု နွေရာသီအပြောင်းအရွှေ့မှာ ဝေးလ်ဂိုးသမား ဒါလို ကို ထပ်မံခေါ်ယူလိုက်တဲ့အတွက် ဘရင်ဒီယာ အနေနဲ့ ကစားခွင့်ရဖို့ ပိုမိုခက်ခဲဖွယ်ရှိနေတာကြောင့် အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။(NVS 008)