“မန်စီးတီးဂိုးသမား ထရက်ဖို့ဒ် လိဒ်ယူနိုက်တက်သို့ပြောင်းရွှေ့”
08 Aug
လိဒ်ယူနိုက်တက်အသင်းက မန်စီးတီးအသင်းရဲ့ အင်္ဂလန်ဂိုးသမား ထရက်ဖို့ဒ် ကို ၅ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက် ကြောင်းကြေညာခဲ့ပါတယ်။ ထရက်ဖို့ဒ် ရဲ့ ပြောင်းရွှေ့ကြေးက ပေါင် ၄၅ သန်း ဝန်းကျင်ရှိတယ်လို့သိရပြီး ဒါဟာ လိဒ်အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူမှုလည်း ဖြစ်ပါတယ်။ ထရက်ဖို့ဒ် က ပြီးခဲ့တဲ့နှစ် နွေရာသီက ဘန်လေအသင်းကနေ မန်စီးတီးအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ် ၄ ပွဲအပါအဝင် ပြိုင်ပွဲစုံ ၁၇ ပွဲသာ ကစားခွင့်ရခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် ထရက်ဖို့ဒ်ရဲ့ ပြောင်းရွှေ့ကြေးက ၂၀၁၇ ခုနှစ်က ဆန်းဒါးလန်းကနေ အဲဗာတန်အသင်းဆီကို ပြောင်းရွှေ့ခဲ့တဲ့ အင်္ဂလန်ဂိုးသမား ပစ်ဖို့ဒ် ရဲ့ ပြောင်းရွှေ့ကြေးကိုချိုးဖျက်ပြီး ဈေးအကြီးဆုံး ဗြိတိန်ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။(NVS 008)
08 Aug