“နာပိုလီအသင်းက အာဆင်နယ်တိုက်စစ်မှူး ဂျေးဇူး ကိုခေါ်ယူရန်စီစဉ်”

08 Aug

နာပိုလီအသင်းက အာဆင်နယ်အသင်းမှ ဘရာဇီးလ်တိုက်စစ်မှူး ဂျေးဇူး ကိုခေါ်ယူရန် စတင်ဆက်သွယ် လာကြောင်း သိရပါတယ်။ အာဆင်နယ်အသင်းက ဂျေးဇူး ကို ရောင်းထုတ်ဖို့စီစဥ်ထားပေမဲ့ ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၂၀ အထက် အလိုရှိနေတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ဂျေးဇူး ကို အငှားချဖို့အစီအစဥ်မရှိဘဲ သင့်တော်တဲ့ ပြောင်းရွှေ့ကြေးနဲ့ရောင်းချရန်သာ စီစဥ်ထားကြောင်း သိရပါတယ်။ ဂျေးဇူး ကို ဆော်ဒီကလပ်အသင်းတချို့က စိတ်ဝင်စားနေပေမယ့် နာပိုလီအသင်းအနေနဲ့ နည်းပြ အယ်လီဂရီ ရဲ့အေးဂျင့်အဖွဲ့နဲ့ ဂျေးဇူး ရဲ့အေးဂျင့်အဖွဲ့က တူညီနေတာကြောင့် အခွင့်အလမ်းပိုမိုကောင်းမွန်နေကြောင်း သိရပါတယ်။(NVS 008)

08 Aug

ADVERTISE HERE .