“စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)၌ လာမည့်ပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူ ၄၀၀ ထိ တိုးမြှင့်လက်ခံမည်”

08 Aug

စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)တွင် လာမည့်ပညာသင်နှစ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူ ၄၀၀ အထိ လက်ခံသင်ကြားပေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်တွင် ပြီးခဲ့တဲ့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနှစ်သင်တန်းမှာ ကျောင်းသား/ကျောင်းသူ ၁၈၃ ဦး တက်ရောက်သင်ယူလျက်ရှိပြီး လာမည့် နှစ်တွင် ကျောင်းသား/ကျောင်းသူများ တိုးမြှင့်လက်ခံမှာဖြစ်ပါတယ်။ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)ကို လယ်ယာကဏ္ဍ အဓိကလုပ်ကိုင်လျက်ရှိသော ဒေသ ဖြစ်သည့် မြန်မာနိုင်ငံအောက်ပိုင်းဒေသ၌ စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာရှင် လူသားအရင်းအမြစ်များ စဉ်ဆက် မပြတ် မွေးထုတ်ပေးရန်ရည်ရွယ်၍ အသစ်တိုးချဲ့ ဖွဲ့စည်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်)ကို စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် အဆောက်အအုံများ အသစ်တည်ဆောက်ခြင်းနှင့် သင်ကြားရေးလုပ်ငန်းများ အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်နိုင်ရေးအတွက် ဖြည့်ဆည်းစီမံခြင်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိပါတယ်။ ကျောင်းသား ၂၀၀ ဆံ့ နှစ်ထပ်အိပ်ဆောင် နှစ်လုံးနှင့် ကျောင်းသား ၄၀၀ ဆံ့ ထမင်းစားဆောင် တည်ဆောက်ခြင်းလုပ်ငန်းများ၊ သုံးထပ် စာသင်ဆောင်တည်ဆောက်မည့် မြေနေရာများနှင့် လေးခန်းတွဲလေးထပ် အမှုထမ်းအိမ်ရာ တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။(NVS 008)

08 Aug

ADVERTISE HERE .