“MPT က ရေဘေးကြုံတွေ့ခံစားနေရသည့် ဒေသခံပြည်သူများအတွက် အခမဲ့ ဒေတာ၊ ဖုန်းခေါ်ဆိုမှုနှင့် စာတို (SMS) ဝန်ဆောင်မှုများပေးအပ်”

08 Aug

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)က ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးကြုံတွေ့ခံစားနေရသည့် ဒေသများရှိ သုံးစွဲသူများအား အခမဲ့ဒေတာ(1GB) MPT ဖုန်းအချင်းချင်း အခမဲ့ဖုန်းခေါ်ဆိုခွင့် မိနစ် ၁၀၀ နှင့် စာတို ပေးပို့ခွင့်(SMS) အစောင် ၁၀၀ ပေးအပ်မှာဖြစ်ကြောင်းနဲ့ အဆိုပါဝန်ဆောင်မှုများကို ဩဂုတ်လ ၇ ရက်မှစ၍ (၇) ရက်အတွင်း အသုံးပြုနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ငဝန်မြစ်ရေကြီးမှုကြောင့် ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရသည့် ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၌ ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိပြီး ဒေသတွင်းကယ်ဆယ်ရေးလုပ်ငန်းများနှင့် လူမှုအသိုက်အဝန်း အတွက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုများကို အထောက်အကူပြုနိုင်ရန် ဂြိုဟ်တုဆက်သွယ်ရေးစက်ပစ္စည်း(Satellite Terminal)ကို ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာအုပ်စု စာရေးကွင်းဘုန်းတော်ကြီး ကျောင်း ရေဘေးကယ်ဆယ်ရေးစခန်း၌ တစ်စုံနှင့် သခွပ်ချောင်းကျေးရွာအုပ်စု ဆိတ်နို့ကုန်းကျေးရွာ ရေဘေး ကယ်ဆယ်ရေးစခန်း၌ တစ်စုံ တပ်ဆင်ထားရှိခဲ့ပါတယ်။ ဒါ့အပြင် ရွေ့လျားမိုဘိုင်းစခန်း Cell on Wheels(COW)အား စာရေးကွင်းကျေးရွာတွင် တပ်ဆင်ထားပြီး MPT သုံးစွဲသူများအနေဖြင့် ဖုန်းခေါ်ဆိုမှုများနှင့် မိုဘိုင်းအင်တာနက် အသုံးပြုမှုများကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။(NVS 008)

08 Aug

ADVERTISE HERE .