“ဒီယိုမန်ဒီကို ခေါ်ယူခဲ့ကြောင်း အတည်ပြုကြေညာခဲ့တဲ့ ရီးရဲလ်အသင်း”
07 Aug
စပိန်ထိပ်သီး ရီးရဲလ်အသင်းဟာ လိုက်ပ်ဇစ်အသင်းရဲ့ အိုင်ဗရီကို့စ် လူငယ်တောင်ပံကြယ်ပွင့် ဒီယိုမန်ဒီ ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ ဒီယိုမန်ဒီ အတွက် ရီးရဲလ်အသင်းအသုံးပြုခဲ့ရတဲ့ ပြောင်းရွှေ့ကြေးက ယူရို ၁၂၅ သန်းအပြင် အပိုဆုကြေး ၁၅ သန်းနဲ့ ၂၀၃၂ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဒီယိုမန်ဒီ ဟာ လိုက်ပ်ဇစ်အသင်းကို ပြီးခဲ့တဲ့ ၂၀၂၅ နွေရာသီ အပြောင်းအရွှေ့ကာလအတွင်း ရောက်ရှိခဲ့သူဖြစ်ပြီး သူရဲ့တန်ကြေးက တစ်ရာသီကြာပြီးနောက်မှာ ၇ ဆနီးပါးအထိ မြင့်တက်ခဲ့ပါတယ်။ မန်ဒီ ကလည်း ရီးရဲလ်အသင်းလို ကြီးကျယ်ခမ်းနားတဲ့အသင်းမှာ ကစားခွင့်ရဖို့က ငယ်ဘဝအိပ်မက်ဖြစ်တယ်လို့ ဖွင့်ဟခဲ့ဖူးပါတယ်။ (NVS 008)
07 Aug