“ဗင်နီစီယပ်စ် ကို ၂၀၃၂ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့တဲ့ ရီးရဲလ်အသင်း”

07 Aug

ရီးရဲလ်အသင်းဟာ ဘရာဇီးလ်တောင်ပံကစားသမား ဗင်နီစီယပ်စ် ကို ခြောက်နှစ်သက်တမ်းရှိ စာချုပ်သစ် ချုပ်ဆိုခဲ့ပြီး ၂၀၃၂ ခုနှစ်အထိ သက်တမ်းတိုးခဲ့ပါတယ်။ ဗင်နီစီယပ်စ် ရဲ့မူလစာချုပ်က ၁၂ လသာ ကျန်ရှိတော့တာဖြစ်ပြီး အာဆင်နယ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့ပါတယ်။ ရီးရဲလ်အသင်းနဲ့ ဗင်နီစီယပ်စ် အကြားဆွေးနွေးခဲ့ပြီးနောက် ဩဂုတ်လ ၆ ရက်မှာပဲ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း ရီးရဲလ်အသင်းဘက်က ထုတ်ပြန်လာခဲ့ပါတယ်။ ရီးရဲလ်အသင်းကလည်း ဗင်နီစီယပ်စ် ဟာ အသင်းသမိုင်းရဲ့ အအောင်မြင်ဆုံးကာလတစ်ခုမှာ အရေးပါဆုံး ကစားသမားတွေထဲက တစ်ယောက်လို့ ချီးကျူးခဲ့ပါတယ်။ ဗင်နီစီယပ်စ်ဟာ ရီးယဲလ်အသင်းအတွက် ၃၇၅ ပွဲ ကစားပြီး ၁၂၈ ဂိုးအထိ သွင်းယူပေးထားပါတယ်။ ဗင်နီစီယပ်စ် ဟာ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား နှစ်ကြိမ်၊ လာလီဂါဖလား သုံးကြိမ်၊ ဘုရင့်ဖလား တစ်ကြိမ်၊ စပိန်စူပါဖလား သုံးကြိမ်၊ ဥရောပစူပါဖလား နှစ်ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား နှစ်ကြိမ်၊ အင်တာကွန်တီနန်တယ်ဖလား တစ်ကြိမ်ဆွတ်ခူးထားပါတယ်။ (NVS 008)

07 Aug

ADVERTISE HERE .