“ဂျိုင်စလီ ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တဲ့ နယူးကာဆယ်အသင်း”
07 Aug
ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်းဟာ နည်းပြသစ်အဖြစ် ဂျာမနီနိုင်ငံသား ဂျိုင်စလီ ကို ခန့်အပ်ခဲ့ပါတယ်။ နယူးကာဆယ်အသင်းအနေနဲ့ ဂျိုင်စလီ ကိုခေါ်ယူနိုင်ဖို့အတွက် ဆော်ဒီကလပ် အယ်လ်အာလီအသင်းကို စာချုပ်လျော်ကြေး ယူရို ၁၁ သန်းပေးချေခဲ့ရပါတယ်။ လာမယ့် စနေနေ့မှာ ခြေစမ်းပွဲအဖြစ် ကစားမယ့် ဗလင်စီယာ အသင်းနဲ့ပွဲစဉ်မှာ ဂျိုင်စလီ အနေနဲ့ နယူးကာဆယ်အသင်းကို စတင်တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ပြီး အသင်းနဲ့ အတူ အောင်မြင်မှုတွေရယူနိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ အသက် ၃၈ နှစ်အရွယ်သာရှိသေးတဲ့ ဂျိုင်စလီ ကို အရည်သွေးမြင့်လူငယ်နည်းပြတစ်ဦးလို့ သတ်မှတ်နိုင်ပြီး နည်းစနစ်ပိုင်းရူးသွပ်သူတစ်ယောက် ဖြစ်ကြောင်း ကျွမ်းကျင်သူတချို့က ညွှန်းဆိုခဲ့ကြပါတယ်။ ဂျိုင်စလီအနေနဲ့ ဆာလ်ဇ်ဘာ့ဂ်၊ အယ်လ်အာလီ အသင်းတို့ နဲ့အတူ ဩစတြီးယားဘွန်ဒစ်လီဂါ ၂ ကြိမ်၊ အာရှချန်ပီယံလိဂ် ၂ ကြိမ်အပါအဝင် တခြားဆုဖလား အောင်မြင်မှုတွေကို ရယူနိုင်ခဲ့ပါတယ်။ (NVS 008)