“အာဆင်နယ်ကွင်းလယ်လူ နော်ဂတ်ဒ် ကို ခေါ်ယူခဲ့တဲ့ အဲဗာတန်အသင်း”

07 Aug

အဲဗာတန်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ထိပ်သီးကလပ် အာဆင်နယ်အသင်းရဲ့ ဒိန်းမတ်ကွင်းလယ်လူ နော်ဂတ်ဒ်ကို ခေါ်ယူခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ နော်ဂတ်ဒ် အတွက် အဲဗာတန်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၇ သန်းအသုံးပြု ခဲ့ပြီး ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ နော်ဂတ်ဒ် အနေနဲ့ ပြီးခဲ့တဲ့ရာသီမှ အာဆင်နယ်အသင်းကို ရောက်ရှိလာခဲ့ပေမယ့် ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းနဲ့ နယူးကာဆယ် ကြယ်ပွင့်ကွင်းလယ်လူ ဂီမာရေ့စ် တို့ သဘောတူညီမှုရရှိခဲ့ခြင်းကြောင့် နော်ဂတ်ဒ် အနေနဲ့ အဲဗာတန်အသင်းကို ပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဗာတန်ကစားသမား ဖြစ်လာခဲ့တဲ့ နော်ဂတ်ဒ် ဟာ ရလဒ်ကောင်းတွေရယူနိုင်ဖို့ အသင်းကို အကောင်းဆုံးကူညီသွား မယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 008)

07 Aug

ADVERTISE HERE .