“ဖူလ်ဟမ်အသင်း နောက်ခံကစားသမား ရော်ဘင်ဆင် ကို ပစ်မှတ်ထားနေတဲ့ မန်ယူအသင်း”
07 Aug
မန်ယူအသင်းက ဖူလ်ဟမ်အသင်းရဲ့ အမေရိကန်ဘယ်နောက်ခံကစားသမား ရော်ဘင်ဆင် ကို ပစ်မှတ်ထား နေကြောင်း သိရပါတယ်။ မန်ယူအသင်းဟာ နယူးကာဆယ်အသင်းရဲ့ အင်္ဂလန်ကစားသမား လူးဝစ်ဟောလ် အတွက် ပေါင်သန်း ၆၀ အထိအသုံးပြုဖို့ စီစဉ်ခဲ့ပေမယ့် နယူးကာဆယ်အသင်းက သူတို့ရဲ့ကစားသမားကို အခုနွေမှာ ရောင်းချဖို့ အစီအစဉ်မရှိကြောင်း သိရပါတယ်။ ဒါကြောင့်လည်း မန်ယူအသင်းအနေနဲ့ ရော်ဘင်ဆင် ကို ပစ်မှတ်ထားလာခဲ့ပြီး မကြာခင်မှာ တရားဝင်ကမ်းလှမ်းသွားဖွယ်ရှိကြောင်း သိရပါတယ်။ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ရော်ဘင်ဆင် ဟာ ဖူလ်ဟမ်အသင်းရဲ့ အရေးပါတဲ့ အဓိကကစားသမား တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမေရိကန်အသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ရလေ့ရှိတဲ့ လုခ်ရှော နေရာအတွက် ဘယ်နောက်ခံလူတစ်ဦးကို အားဖြည့်ရန်ဆန္ဒရှိနေပါတယ်။ (NVS 008)
07 Aug