“ဥရောပရှိမြို့ကြီးများတွင် အပူလှိုင်းပြင်းထန်မှုကြောင့် အနီရောင်အဆင့်ကျန်းမာရေးသတိပေးချက် ထုတ်ပြန်”

07 Aug

ဥရောပတိုက်တစ်ဝန်း၌ အပူလှိုင်းပြင်းထန်စွာ ကျရောက်နေတာကြောင့် အီတလီနိုင်ငံရှိ မြို့ကြီးများစွာနှင့် မြို့ကြီးများကို ဩဂုတ်လ ၆ ရက်တွင် အနီရောင်အဆင့် ကျန်းမာရေးသတိပေးချက် ထုတ်ပြန်လိုက်ရပါတယ်။ အီတလီနိုင်ငံတွင် အပူချိန် ၄၂ ဒသမ ၈ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်သည့်ဒေသများရှိ နေထိုင်သူများ ကျန်းမာရေးထိခိုက်နိုင်ခြေ မြင့်မားနေတာကြောင့် သက်ကြီးရွယ်အိုများကို ပြတိုက်များနှင့် လေအေးပေးစက် ပါသည့် ရုပ်ရှင်ရုံများတွင် အခမဲ့ဝင်ရောက် အနားယူခွင့်ပေးထားသည်။ တစ်ချိန်တည်းမှာ ဟန်ဂေရီနိုင်ငံကလည်း စွမ်းအင်ချွေတာဖို့အတွက် ထင်ရှားတဲ့အဆောက်အအုံများ၌ လျှပ်စစ်မီးများကို ပိတ်လိုက်ရတယ်လို့ သတင်း ထုတ်ပြန်ထားသည်။ ဟန်ဂေရီနိုင်ငံရှိ ဒန်ညုမြစ်ရေ စံချိန်တင်လျော့နည်းသွားခြင်းကြောင့် နိုင်ငံ၏တစ်ခုတည်းသော နျူကလီးယားဓာတ်အားပေးစက်ရုံ လည်ပတ်မှုကို ရပ်ဆိုင်းလုနီးပါးဖြစ်ခဲ့ရပြီး လျှပ်စစ်ဓာတ်အားကို ချွေတာရေး အတွက် ချိန်းတံတားအပါအဝင် ထင်ရှားတဲ့နေရာများရှိ မီးများကို ပိတ်ထားခဲ့သည်။ ယခုလို အပူချိန်မြင့်တက် နေချိန်တွင် ဘော့စနီးယားနိုင်ငံတွင် ရောက်ရှိနေသည့် ကမ္ဘာလှည့်ခရီးသွားများသည် ယူနက်စကို (UNESCO) အသိအမှတ်ပြု အပူချိန် ၁၁ ဒီဂရီစင်တီဂရိတ်သာရှိသည့် ဗျက်ထရနီကာဂူအတွင်းသို့ ဝင်ရောက်ကာ အပူရှောင် နေကြရသည်။ အပူချိန်မြင့်တက်မှုဒဏ်ကို အဆိုးရွားဆုံးခံစားနေရသည့် ဥရောပတိုက်၌ ယခုနှစ်နွေရာသီတွင် စံချိန်တင်အပူလှိုင်းဖြစ်ပေါ်မှုနှင့်အတူ တောမီးလောင်ကျွမ်းမှု အန္တရာယ်များကိုလည်း ပြင်းထန်စွာရင်ဆိုင်နေရ ကြောင်း ST သတင်းဌာနဖော်ပြချက်အရ သိရသည်။

07 Aug

ADVERTISE HERE .