“မြောက်ကိုရီးယားနိုင်ငံမှ တာတိုပစ်ဒုံးကျည်ပစ်ခတ်ခဲ့ဟု တောင်ကိုရီးယား ဆို”

07 Aug

မြောက်ကိုရီးယားနိုင်ငံသည် ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ပင်လယ်ထဲသို့ တာတိုပစ် အမြင့်ပျံဒုံးကျည် တစ်စင်း ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယားက ဩဂုတ်လ ၆ ရက်မှာ သတင်းထုတ်ပြန်ခဲ့သည်။ တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ အဆိုပါပစ်ခတ်မှုကို မြောက်ကိုရီးယားနိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်း ဂွန်ဆန်ဒေသတွင် ညနေ ၅ နာရီခန့်၌ စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနကလည်း မြောက်ကိုရီးယားဘက်မှ ဒုံးကျည်ပစ်ခတ်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း အတည်ပြုထားသည်။ အဆိုပါပစ်ခတ်မှုသည် ရက်ပေါင်း ၄၀ ကျော်အတွင်း မြောက်ကိုရီးယား၏ ပထမဆုံးအကြိမ် ဒုံးကျည် စမ်းသပ်မှုဖြစ်ပြီး ယခုလအတွင်းပြုလုပ်မည့် တောင်ကိုရီးယားနဲ့အမေရိကန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှု မစတင် မီ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံမှ ဒုံးကျည်ပစ်ခတ်ပြီးနောက် တောင်ကိုရီးယားသမ္မတရုံးတွင် အရေးပေါ်လုံခြုံရေးအစည်းအဝေး ခေါ်ယူခဲ့သလို အမေရိကန်ပစိဖိတ်စစ်ဌာနချုပ်ကလည်း မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်ခတ်မှုကို အနီးကပ်စောင့်ကြည့်နေပြီး မဟာမိတ်နိုင်ငံများ၏ လုံခြုံရေးအတွက် အပြည့်အဝ ကာကွယ် ပေးသွားမည်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ထားသည်ဟု ST သတင်းဌာနဖော်ပြချက်အရ သိရသည်။

07 Aug

ADVERTISE HERE .