“မြန်မာ-ထိုင်း အပြန်အလှန်ကုန်သွယ်မှုပုံစံက ဒေသတွင်းတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ကျတဲ့ အခန်းကဏ္ဍမှပါဝင်နေဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား”

07 Aug

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှု အရေးပါခြင်းနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် က သြဂုတ်လ ၆ ရက်မှာ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ Queen Sirikit National Convention Center ရှိ Plenary Hall မှာကျင်းပသော မြန်မာ-ထိုင်းစီးပွားရေးဖိုရမ် ၂၀၂၆ မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့က အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်တဲ့ အပြင် နယ်နမိတ်ချင်းထိစပ်နေရုံသာမက စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး စသည့်ကဏ္ဍများတွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်နေကြကြောင်း ထိုင်းနိုင်ငံက မြန်မာနိုင်ငံ၏ အဓိကကျပြီးအရေးပါဆုံးသော ကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သဘာဝ ဓာတ်ငွေ့၊ လယ်ယာထွက်ကုန်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်းများနှင့် အထည်အလိပ်များကို အဓိကတင်ပို့လျက်ရှိပြီး ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများ၊ စက်မှုလုပ်ငန်းသုံးပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ၊ ဆေးဝါးများကို အဓိကတင်သွင်းလျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဒါကြောင့် နှစ်နိုင်ငံကုန်သွယ်မှုမှာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၏ ဇွန်လအထိ အမေရိကန်ဒေါ်လာ ၂ ဘီလီယံအသီးသီးရှိခဲ့ရာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှစတင်ကာ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ မြန်မာ-ထိုင်းနှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၇၅၈ ဘီလီယံ အထိရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 008)

07 Aug

ADVERTISE HERE .