“မိုးကုတ်မြို့မှာ ရေဝင်ရောက်နေတဲ့နေရာများမှ နေထိုင်သူများကို ရေဘေးလွတ်ရာရွှေ့ပြောင်းပေးထား”
07 Aug
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေရာ ၈ ခုရှိ နေအိမ်များအတွင်း သို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကုတ်မြို့၊ မင်းတံရပ်ကွက်၊ နယ်မြေ(၁)၊ နယ်မြေ(၂)၊ နယ်မြေ(၇)၊ နယ်မြေ(၈)၊ မြို့မရပ်ကွက်၊ စည်ပင်သာယာရပ်ကွက်၊ ဈေးဟောင်းရပ်ကွက်တို့ရှိ နေအိမ်များအတွင်းသို့ ရေဝင် ရောက်မှုများဖြစ်ပေါ်လျက်ရှိပါတယ်။ ဒါကြောင့် မိုးကုတ်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများက ညနေ ၆ နာရီ ၄၅ မိနစ်ခန့်မှစတင်ကာ ရေဝင်ရောက်နေတဲ့ နေအိမ်များမှာ နေထိုင်သူများကို ရေဘေးလွတ်ကင်းသော နီးစပ်ရာ ဆွေမျိုးများအိမ်သို့ ရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရပါတယ်။ (NVS 008)
07 Aug