“အများပြည်သူတောင်းဆိုမှုကြောင့် မန္တလေးအိုးပုတ်ပွဲတော်ကို နှစ်ရက်ကြာကျင်းပမည်”

07 Aug

မန္တလေးမြို့၏ အထင်ကရဒေသဓလေ့ ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ အိုးပုတ်ပွဲတော်ကို ပြည်သူများ၏ တောင်းဆိုမှုများကြောင့် ယခုနှစ်မှစတင်ကာ နှစ်ရက်ကြာကျင်းပသွားမှာဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီ ကနေ သိရပါတယ်။ ယခင်နှစ်များက အိုးပုတ်ပွဲတော်ကို ဝါခေါင်လဆန်း ၈ ရက် တစ်ရက်တည်းသာ ကျင်းပခဲ့သော်လည်း ယခုနှစ်မှာ ဝါခေါင်လဆန်း ၇ ရက်နှင့် ၈ ရက်တို့မှာ နှစ်ရက်ဆက်တိုက် ကျင်းပရန် စီစဉ်ထားကြောင်း သိရပါတယ်။ အိုးပုတ်ပွဲတော်က မန္တလေးမြို့၏ ထင်ရှားတဲ့ ရိုးရာပွဲတော်တစ်ခုဖြစ်ပြီး တောင်ပြုံးပွဲတော် အကြိုပွဲဟုလည်း လူသိများပါတယ်။ အခုပွဲတော်ကို အောင်မြေသာစံမြို့နယ်၊ ဧရာဝတီမြစ်ကမ်းအနီးရှိ အိုးဘိုရပ်ကွက်မှာ ရှေးနှစ် ပေါင်းများစွာကတည်းက အစဉ်အလာမပျက်ကျင်းပလာခဲ့ကြခြင်းဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာ အိုးပုတ်ပွဲတော်၏ လူသိများမှုနှင့် စိတ်ဝင်စားမှုမြင့်တက်လာသဖြင့် ပွဲတော်ကျင်းပရက်ကို နှစ်ရက်သို့ တိုးချဲ့ကျင်းပရန်စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

07 Aug

ADVERTISE HERE .