“ရှော်လ်ကေးအသင်းနဲ့ တစ်နှစ်သက်တမ်းတိုးခဲ့တဲ့ ဂျက်ကို”
06 Aug
ဘော့စနီးယားဝါရင့်တိုက်စစ်မှူး ဂျက်ကို ဟာ ဘွန်ဒစ်လီဂါတန်းတက်ကလပ် ရှော်လ်ကေးအသင်းနဲ့ တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ မန်စီးတီးတိုက်စစ်မှူးဟောင်း ဂျက်ကို ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလက စီးရီးအေ ဖီအိုရင်တီးနားအသင်းမှ ရှော်လ်ကေးအသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အသက် ၄၀ နှစ်ရှိပြီဖြစ်တဲ့ ဂျက်ကို အနေနဲ့ ရှော်လ်ကေးအသင်းကို တန်းတက်ခွင့်ပြန်ရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဂျက်ကို ဟာ ပြီးခဲ့တဲ့ရာသီ ဘွန်ဒစ်လီဂါလိဂ်မှာ ၁၁ ပွဲကစားကာ ခြောက်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခဲ့တဲ့ ဘော့စနီးယားအသင်းမှာလည်း အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားခဲ့ပါတယ်။ (NVS 008)
06 Aug