“မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းနှင့်အမျိုးသမီးအသင်းတို့ ကွင်းသွင်းခြင်းခတ်ကစားနည်းမှာ ငွေတံဆိပ်ဆုများ အသီးသီးဆွတ်ခူး”
06 Aug
မြန်မာ့လက်ရွေးစင်အမျိုးသားခြင်းအသင်းနှင့် အမျိုးသမီးခြင်းအသင်းတို့ ထိုင်းနိုင်ငံမှာ ကျင်းပလျက်ရှိတဲ့ (၃၉) ကြိမ်မြောက် ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ ၂၀၂၆ ပြိုင်ပွဲ၏ ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲမှာ ငွေတံဆိပ်ဆု များအသီးသီးရရှိခဲ့ကြောင်း သိရပါတယ်။ အမျိုးသားကွင်းသွင်းခြင်းခတ်ပြိုင်ပွဲကို မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းမှ ဟန်ဝင်းထွဋ်၊ အောင်အောင်၊ အောင်ဇော်ဟိန်း၊ ချစ်မင်းပိုင်၊ ကျော်မင်းသူနှင့် မင်းရန်ခိုင်တို့ဝင်ရောက်ယှဥ်ပြိုင်ကစားခဲ့ကြပြီး ရမှတ် ၅၁၀ မှတ်ဖြင့် ငွေတံဆိပ်ဆုဆွတ်ခူးနိုင်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် အမျိုးသမီးကွင်းသွင်းခြင်းခတ်ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းမှ နေခြည်နွေး၊ ဆုမွန်ကျော်၊ နမ့်မေသူထွေး၊ နှင်းနှင်းဝေ၊ ရွှန်းလဲ့ဇင်နှင့် ယဉ်ယဉ်ဌေး တို့ဝင်ရောက်ယှဥ်ပြိုင်ကစားခဲ့ကြပြီး ရမှတ် ၄၇၀ မှတ်နဲ့ ငွေတံဆိပ်ဆုဆွတ်ခူးနိုင်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)