“ချင်းတိုင်းရင်းသားဖိုက်တာ ထီရဲယ်ထန် ဂျပန်ဖိုက်တာ ကာဝါနာမတ်စ်နဲ့ ထိုးသတ်မယ်”

06 Aug

ချင်းတိုင်းရင်းသားဖိုက်တာ ထီရဲယ်ထန် ဟာ လာမယ့်နိုဝင်ဘာမှာ ဂျပန်ဖိုက်တာ ကာဝါနာမတ်စ် နဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ချင်းတိုင်းရင်းသားဖိုက်တာ ထီရဲယ်ထန်ဟာ ဂျပန် MMA ပရိုမိုးရှင်းတစ်ခုဖြစ်တဲ့ SHOOTO က ကျင်းပမယ့် Lemino SHOOTO-8 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဂျပန်ဖိုက်တာ ကာဝါနာမတ်စ် နဲ့ ယှဉ်ပြိုင်ထိုးသတ် သွားမှာ ဖြစ်ပါတယ်။ ဂျပန် MMA ပရိုမိုးရှင်းဖြစ်တဲ့ SHOOTO ဟာ Lemino SHOOTO-8 ပြိုင်ပွဲကို လာမယ့်နိုဝင်ဘာလ ၂၄ ရက်မှာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ကိုရာကူရင်ခန်းမမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာ ဂျပန် MMA ပရိုမိုးရှင်း SHOOTO ဟာ Lemino SHOOTO-8 ပြိုင်ပွဲမှာ ပါဝင်မယ့် တွဲဆိုင်း နှစ်ဆိုင်းကိုသာ ထုတ်ပြန်ထားပြီး ဂျပန်ဖိုက်တာ ကာဝါနာမတ်စ်နဲ့ ထီရဲယ်ထန်တို့ရဲ့ တွဲဆိုင်းကို အစောဆုံး ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ ထီရဲယ်ထန် ဟာ အစောပိုင်းကာလများမှာ ONE Championship မှာ ထိုးသတ်ခဲ့ပြီး နောက်ပိုင်းမှာတော့ အခြား MMA ပရိုမိုးရှင်းများမှာ သွားရောက်ထိုးသတ်နေသူဖြစ်ပါတယ်။ ထီရဲယ်ထန် ဟာ ပရော်ဖက်ရှင်နယ် MMA ကစားသမားဘ၀ ၁၃ ပွဲ ထိုးသတ်ထားရာ ရှစ်ပွဲနိုင်၊ ငါးပွဲရှုံးနိမ့်ထားကြောင်း သိရပါတယ်။ (NVS 008)

06 Aug

ADVERTISE HERE .